CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉

ဆော်ဒီမင်းသား အယ်လ်ဝါလိဒ် ဘင်တာလယ်ဟာ ဖလာမင်ဂိုအသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ရပြီး ကလပ်ကမ္ဘာ့ ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အယ်လ်ဟီလယ်အသင်း ကစားသမား တစ်ဦးချင်းစီကို ဒေါ်လာ ၂၆၆,၅၀၀ ဆုကြေး ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ တောင်အမေရိက ချန်ပီယံ ဖလာမင်ဂိုအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။

မင်းသား အယ်လ်ဝါလိဒ်ဘင်တာလယ်ဟာ အယ်လ်ဟီလယ်အသင်းရဲ့ အမာခံပရိသတ်ဖြစ်ပြီး စနေနေ့မှာ ကစား မယ့် ဗိုလ်လုပွဲမှာ ထပ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ကစားသမားတွေကို ဒီလိုတူညီတဲ့ ပမာဏမျိုးကို လက်ဆောင် ပေးမယ်လို့ ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဟီလယ် ကစားသမားတွေဟာ ဗိုလ်လုပွဲ တက်နိုင်ခဲ့လို့ နိုင်ငံရဲ့ အားကစားဝန်ကြီး ဆီကနေလည်း ရီယယ် ၅၀၀,၀၀၀ ရရှိမယ်လို့ ဆော်ဒီအားကစားချန်နယ်လ် SSC က ဖော်ပြခဲ့တာပါ။

အယ်လ်အာလီ အသင်းကစားသမားများကိုတွေ့ရစဉ်

ဆော်ဒီအသင်းတွေဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို အနိုင်ရပြီးနောက် ဆော်ဒီလက်ရွေးစင်အသင်း ဂုဏ်ပြုခံရပြီးနောက် နောက်ထပ် ပြိုင်ပွဲတစ်ခုမှာ အောင်မြင်မှုအဖြစ် နိုင်ငံအစိုးရရဲ့ ဂုဏ်ပြုခြင်း ခံခဲ့ရတာ ဖြစ်ပါ တယ်။

ဆော်ဒီအားကစားဝန်ကြီးက “အနိုင်ရခဲ့တာဟာ မကြာသေးခင်က ဆော်ဒီအားကစားမှာ ကြုံတွေ့ခဲ့ရတဲ့ ကြီးကျယ် ခမ်းနားတဲ့ ထူးခြားမှုကို ထင်သာမြင်သာရှိတဲ့ အတည်ပြုချက်ပါပဲ”လို့ SPA က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောခဲ့တာပါ။

အယ်လ်ဟီလယ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ ရီးရယ်လ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်အာလီအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: Edition