CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇

နယူးကာဆယ်အသင်းဟာ ဒီရာသီမှာ သူတို့လိုချင်တဲ့ အရာတွေအားလုံးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အိပ်မက်မက်ဖို့ ပရိသတ်တွေကို နည်းပြ အက်ဒီဟိုဝီက ပြောလိုက်ပါတယ်။

အက်ဒီဟိုဝီက “ ကျနော်တို့ဟာ အရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ကျနော်တို့ ဖြစ်နိုင်ခြေအားလုံးကို ရရှိနိုင်ဖို့အတွက် ရာသီက ပြီးဆုံးဖို့ လိုပါသေးတယ်။ ပရိသတ်တွေကလည်း ကျနော်တို့ ဘာမဆိုလုပ်နိုင်တယ်လို့ ယုံကြည်စေချင်ပါတယ်။ ကျနော့်ရဲ့ စိတ်နေစိတ်ထားက ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဘယ်လို အောင်မြင်မှုတွေ ရယူနိုင်မယ်ဆိုတာကို ပရိသတ်တွေက အိပ်မက်မက်တာ၊ ပြောတာတွေ၊ ထင်ကြေး တွေနဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး”လို့ ပြောခဲ့တာပါ။

နယူးကာဆယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းတွေ ကောင်းမွန်နေပြီး လက်စတာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းကို ကျော်တက်ပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်း ယှဉ်ပြိုင်မှုကိုတွေ့ရစဉ် (Twitter)

နယူးကာဆယ် အသင်းဟာ ၁၀ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ၆ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ဒါ့အပြင် နယူးကာဆယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၁၁ ဂိုးသာ ခွင့်ပြုထားရပြီး ပေးဂိုးအနည်းဆုံး ခွင့်ပြု ထားရတာ ဖြစ်ပါတယ်။

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကလည်း နယူးကာဆယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်တယ်လို့ ပြောထားတာပါ။

ဘရန်ဒန်ရော်ဂျာက “သူတို့ရဲ့ ဆာလောင်မှုက ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်ဖို့အတွက် သက်သေပြရမယ့် ထင်ရှား တဲ့ အရာပါ။ သူတို့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားတွေက ထိပ်တန်းအဆင့်မှာရှိတဲ့ သူတွေပါ။ ဘော့ဒ်မန်း၊ ထရစ်ပီယာ၊ ဒမ်ဘန်းနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရိက ခေါ်ယူခဲ့တဲ့ ဘရူနိုဂွီမာရေ့စ်တို့ဟာ တကယ်ကို ကောင်းမွန်စွာ စွမ်း ဆောင်နေကြပြီး ဂျိုလင်တန် ဆိုရင်လည်း ဖွံ့ဖြိုးပြီး တိုးတက်နေတဲ့သူပါ။ ဇန်နဝါရီမှာသာ ပိုပြီး အားကောင်း လာခဲ့ ရင် သူတို့အနေနဲ့ စိန်ခေါ်တာမှာ မပါဝင်လာနိုင်စရာ အကြောင်းပြချက် မရှိပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လက်စတာအသင်းကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည် နေတာ ဖြစ်ပါတယ်။

Source: Daily Mail