CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပချင်နေပြီး ဒါဟာ နိုင်ငံတကာဘောလုံး လောကကို လှုပ်ခတ်စေမယ့် သူ့ရဲ့ နောက်ဆုံး အစီအစဉ် ဖြစ်တယ်လို့ သိရပါတယ်။

ဖီဖာဟာ အရင်က နှစ်နှစ်တစ်ကြိမ် ကျင်းပဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ ဒါပေမယ့် အင်ဖန်တီနို ဟာ လာမယ့် ဆယ်စုနှစ်အတွင်းမှာ သုံးနှစ်အချိန်ဇယားကို ရောက်ရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ် အသစ်ကို အာရှနဲ့ အာဖရိကဆီကနေ အားပေးထောက်ခံမှုတွေ ရထားပေမယ့် အင်ဖန်တီနိုက ဒါကို လမ်းကြောင်းပေါ် ရောက်ရှိစေဖို့ ဥရောပနဲ့ တောင်အမေရိတို့က ထောက်ခံမှုတွေ ရယူနိုင်ဖို့ လိုအပ်နေတာပါ။

ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကြီးမားတဲ့ စီးပွားဖြစ် အောင်မြင်မှုကို ရယူနိုင်ခဲ့ပြီးနောက် ဖီဖာအကြီးအကဲ ဖြစ်သူက အပြောင်းအလဲကို အကောင်အထည်ဖော်နိုင်ဖို့ ယုံကြည်မှု အပြည့်ရှိနေတာလည်း ဖြစ်ပါတယ်။

အင်ဖန်တီနိုကိုတွေ့ရစဉ် 

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်တင်ဝင်ငွေ ပေါင် ၆.၂ ဘီလီယံ ရရှိခဲ့တာပါ။ ဒါ့အပြင် အင်ဖန်တီနိုက ဆောင်းရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ထပ်မံကျင်းပချင်နေတာဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အစီအစဉ်တွေကို ပြန်လည် ပြင်ဆင်ခြင်နေတာ ဖြစ်ပါတယ်။

အင်ဖန်တီနိုဟာ ၂၀၁၆ ကတည်းက ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပထမသက်တမ်း အပြီးမှာ ဒုတိယသက်တမ်းကို မတ်လမှာ ဆက်လက် တာဝန်ယူမှာပါ။ အင်ဖန်တီနိုဟာ တတိယ သက်တမ်းအထိ ဖီဖာ အကြီးအကဲအဖြစ် ဆက်လက် ရှိနေမယ်ဆိုရင် ၂၀၃၁ အထိ တာဝန်ယူနိုင်မှာ ဖြစ်ပါတယ်။

အင်ဖန်တီနိုက “ ကျနော့်ရဲ့ ရာထူးသက်တမ်းနဲ့ ပတ်သက်ပြီး ရှင်းပြချင်ပါတယ်။ လက်ရှိအချိန်မှာ ကျနော်ဟာ ပထမဆုံး ရာထူးသက်တမ်းမှာပဲ ရှိနေပြီး မတ်လ ၁၆ ရက်မှာ ကျနော့်ရဲ့ ဒုတိယသက်တမ်းကို စတင်မှာပါ။ တတိယ သက်တမ်းအထိသာ ကန့်သတ်ချက်ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

Source: Metro