CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်မယ့် အသင်းဟာ ဆုကြေးငွေ ဒေါ်လာ ၁၂၅ သန်းအထိ ရရှိနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဖီဖာဟာ ဒီပြိုင်ပွဲ တစ်ခုစလုံးအတွက် ဒေါ်လာ ၁ ဘီလီယံ ဆုကြေးပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်မယ့် အသင်းတိုင်း ဟာ များပြားတဲ့ ငွေကြေးပမာဏကို ရရှိမှာပါ။
ဒေါ်လာ ၁ ဘီလီယံထဲက ထက်ဝက်ခန့်ကို အသင်းပေါင်း ၃၂ သင်းကြားထဲ ခွဲဝေပေးသွားမှာဖြစ်ပြီး အားကစားနဲ့ စီးပွားရေးဆိုင်ရာ စံနှုန်းတွေအပေါ် အခြေခံကာ ကလပ်အသင်းတွေဟာ မတူညီတဲ့ ပမာဏတွေကို ရရှိမှာဖြစ်ပါ တယ်။
ဥရောပကလပ်အဖွဲ့ချုပ်နဲ့ ဖီဖာက တီထွင်ထားတဲ့ ဒီပုံစံကြောင့် ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်းတို့လို ဥရောပ ထိပ်သီးအသင်းတွေဟာ တောင်အာဖရိကကလပ် မာမီလိုဒီတို့လို အသင်းငယ်တွေထက် ရာခိုင်နှုန်း အများအပြား ကို ပိုပြီးရရှိမှာပါ။
ဒါအပြင် ဖီဖာဟာ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဒေါ်လာ ၄၇၅ သန်း ချီးမြှင့်မယ်လို့ ပြောထားပါတယ်။
ဒီအချက်ကတော့ ပွဲအများအပြားကို အနိုင်ရရှိအောင် ကစားနိုင်တဲ့အသင်းက ဆုကြေးငွေ အများဆုံး ရရှိမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့် အသင်းဟာ ဒေါ်လာ ၁၂၅ သန်းအထိ ရရှိနိုင်ပါတယ်။
ပုံစံအသစ်နဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာပါ။
ဒီပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အင်တာမိုင်ယာမီ အသင်းနဲ့ အယ်လ်အာလီအသင်းတို့ စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။