CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

ဟာရီကိန်းက အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီရဲ့ အင်္ဂလန်ဂိုးသွင်းအများဆုံးဆိုတဲ့စံချိန်ကို အမြန်ဆုံး ချိုးဖျက်ချင်တယ်လို့ ပြောလိုက်ပါတယ်။

ဟာရီကိန်းက “ဖြစ်နိုင်ရင် ဝိန်းရွန်နီရဲ့ စံချိန်ကို အမြန်ဆုံးချိုးဖျက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ဒါနဲ့ ပတ်သက်ပြီး လူတွေက ဒီအကြောင်းကို ပြောမယ်ဆိုတာကို သိထားပါတယ်။ဒါပေမယ့် ပွဲအပေါ်ကိုပဲ အာရုံစိုက်ရတာ ပိုပြီး ကြိုက်နှစ်သက်ပါတယ်။ကျနော်တို့အသင်းမှာ အခွင့်အရေးတွေဖန်တီးနိုင်မယ်ဆိုတာကို သိပြီး တွေ့ရမယ့်အသင်း တွေနဲ့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ဝိန်းနဲ့ ကစားခဲ့ရတာ ကျနော့်အတွက် တကယ်ကံကောင်းပြီး သူနဲ့ နီးစပ်ခွင့်ရတဲ့အတွက်လည်း အလွန်ဂုဏ်ယူတယ်”လို့ ပြောခဲ့တာပါ။

ဟာရီကိန်းက အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဝိန်းရွန်နီရဲ့စံချိန်ကို လိုက်မီဖို့ ၂ ဂိုးသာ လိုတော့တာပါ။ဝိန်းရွန်နီက ၅၃ ဂိုးသွင်းယူထားပြီး ဟာရီကိန်းက ၅၁ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ အဲဒါ ကြောင့် စံချိန်ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ဖို့ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက မျှော်လင့်နေတာ ပါ။ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။

စပါးတိုက်စစ်မှူးဟာ အဆိုပါပြိုင်ပွဲမှာ ၆ ဂိုးအထိ သွင်းယူခဲ့ပြီး အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ဟာရီကိန်းဟာ ၁၉၆၆ က အင်္ဂလန်အတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဘော်ဘီမိုးကိုင် မြှောက်ပြီးနောက်ပိုင်း ပထမဆုံးကိုင်မြှောက်ခွင့်ရတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာဖို့လည်း မျှော်လင့် နေတာပါ။

ဟာရီကိန်းက “၂၀၁၈ ကမ္ဘာ့ဖလားကစားရတာ ကံကောင်းခဲ့ပြီး ပြိုင်ပွဲကြီးတစ်ခုရဲ့ အတွေ့အကြုံတွေကို ရခဲ့ပါတယ်။ဆုဖလားရယူနိုင်ဖို့ ဒီတစ်ခုကို ကျနော်တကယ်မျှော်လင့်တာပါ။ကျနော်တို့မှာ အတွေ့အကြုံရှိတဲ့ သူတွေနဲ့ လူငယ်တွေပေါင်းစပ်ထားပါတယ်။၄ နှစ်အတွင်းမှာ ကျနော်တို့ရော ဒါမှမဟုတ် အသင်းက ဘယ်ကို ရောက်နေပြီလဲဆိုတာ ဘယ်သူကသိနိုင်မှာလဲ” လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်၊ဝေးလ်စ်၊ အမေရိကန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။

Source:ChannelNewsasia