CNI NEWS
၂၀၂၁ခုနှစ်၊ သြဂုတ် ၂၁
အိန္ဒိယအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့် ဆက်စပ် ပစ္စည်းများသည် ဒုတိယအသုတ်အဖြစ် သြဂုတ် ၂၀
ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
ရောက်ရှိလာသည့် ဆေးနှင့်ဆေးပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးမှ တာဝန်ရှိသူများက လက်ခံရယူပြီး ကျန်းမာရေး
ဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် ဆေးသုတေသနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သည်။
ထိုဆေးနှင့်ဆေးပစ္စည်းများတွင် Long Surgical Glove (Elbow) ၅၀၀၀၀ ခု၊ Examination Gloves ၁၅၀၀ ခု၊ Digital BP Cuff ၅၇၀ ခု၊ Protable X-ray 100 MA ၁ ခု၊ Mask ၁၄၄၀၀ ခု၊ Rapid Antigen Test Kit ၂၀၀၀ ခု၊ High-Flow Nasal Cannula (HFNC) ၁၀၀ ခုတို့ ပါဝင်သည်။
ပုံ- အိန္ဒိယက မြန်မာနိုင်ငံကို လှူဒါန်းသည့် ကိုဗစ် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ဆေးနှင့်ဆေးပစ္စည်းများ (အိန္ဒိယသံရုံး)
ထို့အပြင် Body Bed ၂၉၂ ခု၊ PPE ဝတ်စုံ ၁၂၄၀ စုံ၊ Pulse Oximeter (Finger Tip) ၃၀၀ ခု ၊ Oxygen Concentrator ၂၄ လုံး၊ Apron ၁၆၀၀ ခု၊ Empty Oxygen Cylinder ၄၀၀ လုံး စသည်တို့ ပါဝင်ကြောင်း သိရသည်။
ထိုဆေးနှင့် ဆေးပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒဂုံမြို့နယ် စကားဝါလမ်းရှိ ဗဟိုဆေး သိုလှာင်ရေးဌာနသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၅ ရက်ကလည်း အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းထားသည့် Oxygen Concentrator (၅၁) လုံး အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးပစ္စည်းများ ပထမအသုတ်အဖြစ် ရောက်ရှိခဲ့သည်။
#အိန္ဒိယ
#မြန်မာ
#ကိုဗစ်၁၉
#ဆေးနှင့်ပစ္စည်းများလှူဒါန်း
#ဒုတိယအသုတ်
#ကျန်းမာရေး
#CNImyanmar
#cninews
#ChannelNewsIndependent