CNI NEWS
၂၀၂၁ခုနှစ်၊ သြဂုတ် ၂၁
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ပြုလုပ်သည့် ဆေးဝါးနှင့်ဆေးပစ္စည်းများအား ကုမ္ပဏီ တိုက်ရိုက်ရောင်းဈေးဖြင့် လက်လီ/ လက္ကားရောင်းချရာတွင် ကိုဗစ်နှင့် သက်ဆိုင်သည့် ဆေးများ ဝယ်ယူမှုများကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဝင်းမောင်ဖြိုးက ပြောသည်။
အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနားလမ်းတွင် ဆိုင်ခန်းပေါင်း ၃၀ ခန့် ရောင်းချပေးနေပြီး တစ်ရက်လျှင် လာရောက် ဝယ်ယူသူ ၁၀၀ ကျော်ရှိကြောင်းနှင့် လာရောက်ဝယ်ယူသူများထဲတွင် ပြန်လည်ရောင်းချမည့်သူများလည်း ရှိသကဲ့သို့ လိုအပ်သည့်အတွက် ဝယ်ယူကြသူများလည်း ရှိကြောင်း သိရသည်။
ဒေါက်တာဝင်းမောင်ဖြိုးက “ကျနော်တို့က ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ ဆေးတွေရော၊ မပတ်သက်တဲ့ ဆေးတွေရော ၂ ခု စလုံးရောင်းတာ။ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ဆေးတွေကတော့ ပိုရောင်းရတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ ဆေးလည်း ဟုတ်တယ်။ အိမ်သုံးဆေးဝါးလို့လည်း ပြောလို့ရမယ်။ ပါရာစီတမောတို့၊ ဗီတာမင်စီတို့၊ ဇင့်တို့ကျတော့ အဲ့ဒါမျိုးလေးတွေ ပိုရောင်းရပါတယ်” ဟု ဆိုသည်။
သြဂုတ် ၁၆ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနားလမ်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ဝယ်ယူသူ များပြားလာ၍ ရောင်းချရန် စိတ်ပါဝင်စား သည့် ကုမ္ပဏီများလည်း ရှိလာသည်ဟု ၎င်းက ဆိုသည်။
ထို့နောက် ပန်းဘဲတန်းမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် အရောင်းပြခန်းတစ်ခု ထပ်မံဖွင့် လှစ်ကာ ထိုနေရာ၌ သြဂုတ် ၂၃ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးဝါးနှင့် ဆေးပစ္စည်းများအား ကုမ္ပဏီ တိုက်ရိုက်ရောင်းဈေးဖြင့် လက်လီ/ လက္ကားရောင်းချခြင်းကို သြဂုတ် ၂၇ ရက်နေ့အထိ ရောင်းချပေးမည်
ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဆေးနှင့် ဆေးပစ္စည်းများအား ဈေးတင်ရောင်းချမှုများရှိသောကြောင့် ဆေးဝါးနှင့် ဆေးပစ္စည်းများအား ဝယ်ယူ ရန် လိုအပ်နေသည့် ပြည်သူများအတွက် ယခုကဲ့သို့ ကုမ္ပဏီတိုက်ရိုက်ဈေးဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း ဒေါက်တာ ဝင်းမောင်ဖြိုးက ပြောသည်။
ဒေါက်တာဝင်းမောင်ဖြိုးက “အားလုံးကတော့ ကိုယ့်ယုံကြည်ချက်နဲ့ပဲ ကိုယ်လုပ်နေတာပေါ့။ ကျနော်တို့ ကုမ္ပဏီ အသင်း တွေ ဘက်ကလည်း ဒါမျိုးတွေ မဖြစ်နိုင်အောင် ဒီလိုမျိုး ပြည်သူတွေကို ဒီဆေးကုမ္ပဏီနှင့် ဆေးဝါးတွေ တင်သွင်းထားပါ တယ်။ ဆေးဝါးတွေလည်း အလုံအလောက်ရှိနေပါတယ်။ ဈေးနှုန်းသက်သာတယ်။ ရောင်းပေးနေတယ်။ အဲ့ဒါမျိုးတွေ မဖြစ် အောင် ကျနော်တို့က ကာကွယ်ပြီးတော့ လုပ်ပေးနေတဲ့သဘောပါ” ဟု ပြောသည်။
ဆေးဝါးနှင့် ဆေးပစ္စည်းများအား ဝယ်ယူရန် လိုအပ်နေသူများအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးမှတ်ပုံတင် လက်မှတ်(DRC)ရရှိထားသော အရည်အသွေးမှန်ကန် စိတ်ချကောင်းမွန်သည့် ဆေးဝါးများအား တစ် နေရာတည်းတွင် တစ်စုတစ်စည်းတည်း လိုအပ်သလို ရှာဖွေဝယ်ယူနိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။
အဆိုပါ ဆေးဝါးနှင့်ဆေးပစ္စည်းများ ရောင်းချပေးသည့် အစီအစဉ်တွင် ပါဝင်ရောင်းချပေးနေသော ကုမ္ပဏီများမှာ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးတင်သွင်းခွင့် မှတ်ပုံတင် လက်မှတ်(DIAC) ရရှိထားသော ကုမ္ပဏီ ကြီးများဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည့် ပန်းဘဲတန်းမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ဆိုင်ခန် ပေါင်း ၂၀ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
#ဒေါက်တာဝင်းမောင်ဖြိုး
#ဆေးဝါးများရောင်းချပေး
#ကုမ္ပဏီများ
#အလုံ
#ပန်းဘဲတန်း
#ကိုဗစ်၁၉
#ကျန်းမာရေး
#CNImyanmar
#cninews
#ChannelNewsIndependent