CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ 

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် မွမ်ဘိုင်းမြို့သို့ နယူးဒေလီမြို့မှ ရောက်ရှိလာခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သတ်မှတ်ထား သည်။

ထို့နောက် နယူးဒေလီမြို့မှာ ဇွန်လ ၁ ရက် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ၍ မြေရှားသတ္တုနဲ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး ကိစ္စများ အပါအဝင် ကုန်သွယ်ရေး၊ လုံခြုံရေး၊ နည်းပညာကဏ္ဍများ စသည့် အရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

အလားတူ အိန္ဒိယသမ္မတ H.E.Smt. Droupadi Murmu နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အကျိုးပြုမည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ သည်။

ထို့နောက် နယူးဒေလီမြို့ကနေ ဇွန်လ ၂ ရက်က ထွက်ခွာ၍ မွမ်ဘိုင်းမြို၊ Chhatrapati Shivaji Maharaj International Airport သို့ ရောက်ရှိလာခဲ့ရာ သမ္မတ ဦးမင်းအောင်လှိုင်ကို   မဟာရာ့ရှ်ထရာပြည်နယ်မှ တာဝန်ရှိသူများ၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။