CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဒေသခံများကို ကျန်းမာရေး ဝန်ထမ်းများမှ ယနေ့ (ဇန်နဝါရီ ၂၅ ရက်)တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ထိုးပေးခဲ့သည့် လူဦးရေ စာရင်းကိုတော့ အတိအကျမသိရေးသေကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည့် ဦးစားပေး အုပ်စုများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs)များ ပါဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့နောက် AA တပ်ဖွဲ့ဝင်များကို ယခုအခါ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။