CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ
ပန်ခမ်းမြို့ နားလော့တွင် တည်ရှိသော ၆၁၈ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပေါ်ခဲ့သည့်အတွက် ၆၁၈ ဆေးရုံး ကို သွားရောက် ကုသသော လူနာများနှင့် ဧည့်သည်အားလုံး ကျန်းမာလုံခြုံရေးအတွက် ဤသတိပေးချက်ကို အထူးအ လေးထား ဆောင်ရွက်ကြပါရန် အထူးသတိပေးချက်ဟုဆိုကာ နိုဝင်ဘာ ၁၉ ရက်နေ့စွဲဖြင့် UWSA က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပန်ခမ်းမြို့ နားလော့တွင် တည်ရှိသော ၆၁၈ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပေါ် ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၈ ရက်အတွင်း အဆိုပါ ၆၁၈ ဆေးရုံသို့ သွားရောက်ကုသသော လူနာများနှင့် ဧည့်သည်များအားလုံး “ဝ”ဒေသ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန်နှင့် အာခေါင်တို့ဖတ်စစ်ဆေးမှု ပြုလုပ် ကြပါရန် ဖော်ပြထားသည်။
UWSA “ပန်ခမ်းမြို့ရှိ မိဘပြည်သူများ တစ်ဦးနှင့်တစ်ဦး အသိပေးကြပါရန်၊ သင်နှင့် သင့်ပတ်ဝန်းကျင် ကျန်းမာလုံခြုံရေး အတွက် ဤသတိပေးချက်ကို အထူးအလေးထား ဆောင်ရွက်ကြပါရန်။ အထူးသတိပေးချက်”ဟု ဆိုသည်။
ပန်ခမ်းမြို့သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ ဗဟိုဌာနချုပ် တည်ရှိရာ ဒေသဖြစ်ပြီး အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ အဓိက လည်ပတ်လျက်ရှိသည့် ဒေသဖြစ်သည်။
UWSA သည် ပန်ခမ်းမြို့တွင် ကိုဗစ်-၁၉ ကင်းစင်ရေအတွက် တစ်မြို့လုံးကို အာခေါင်တို့ဖတ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ သည်။