CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ပိုးတွေ့လူနာများ လျော့နည်းလာခြင်းကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၇ ခုမှ မြို့နယ်ပေါင်း ၁၇ မြို့နယ်ကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနွယ်သည့်ဌာန၊ အဖွဲ့ အစည်း များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရပါသည်ဟု ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ နေထိုင်သော ပြည်သူများ အနေဖြင့် နိုဝင်ဘာ ၁၂ ရက် နံနက် ၄ နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home အစီအစဉ်တွင် အကျုံး ဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်သော မြို့နယ်များမှာ တနင်္သာရီ တိုင် ဒေသကြီးမှ ထားဝယ်မြို့နယ်၊ မြိတ်မြို့ နယ်၊ ပဲခူးတိုင်းဒေသကြီးမှ အုတ်တွင်းမြို့နယ်၊ ကဝမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ပြည်မြို့နယ်၊ နတ်တလင်းမြို့နယ်၊ မကွေးတိုင်း ဒေသကြီးမှ ပခုက္ကူမြို့နယ်၊ စလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ မှော်ဘီမြို့နယ်၊ ဒဂုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ကန်ကြီးထောင့်မြို့နယ်၊ ကျုံပျော်မြို့နယ်၊ သာပေါင်းမြို့နယ်၊ မွန် ပြည်နယ်မှ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်တို့ ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနက အထက်ပါမြို့နယ်များအား Stay at Home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာ ကြရမည်ဟု ဆိုသည်။