ဘေဂျင်း၊ နိုဝင်ဘာ ၁၅

တရုတ်နိုင်ငံတွင် Delta အသွင်ပြောင်းမျိုးကွဲပိုးကြောင့် ဖြစ်ပေါ်လာသော အကြီးမားဆုံး Covid-19 ကူးစက် ပျံ့နှံ့မှုကို အသည်းအသန် တွန်းလှန်တိုက်ဖျက်နေရကြောင်း နိုဝင်ဘာ ၁၅ ရက်(ယနေ့)တွင် ထုတ်ပြန်ကြေညာ ခဲ့ရသည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များမှ တရားဝင်ကြေညာသည့်စာရင်းအရ ပြည်တွင်းကူးစက်မှုနှုန်းသည် မြန်ဆန်နေပြီး မြို့တစ်မြို့မှတစ်မြို့သို့ ခရီးသွားလာကြသူများကြောင့် အနီးအနားဒေသများတဝိုက်ဖြစ်ပွားမှု ပိုမိုတိုးလာ နေကြောင်း ရိုက်တာက သတင်းဆက်လက်ရေးသားထားသည်။

တရုတ်အာဏာပိုင်များက နိုဝင်ဘာ ၁၄ ရက်အထိ အတည်ပြုထားသော စာရင်းများ၌ ပြည်တွင်းကူးစက်ဖြစ်ပွားသူ အသစ် ၃၁ ဦးရှိပြီး အများစုသည် နိုင်ငံ၏အရှေ့မြောက်ပိုင်းရှိ ဒါလီယန်မြို့မှ ဖြစ်ကြောင်း သိရသည်။

ထိုမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်မှစ၍ ဒေသန္တရဖြစ်ပွားသူအရေအတွက် ၁,၃၀၈ ဦးအထိ ရှိခဲ့ ကြောင်း၊ နွေရာသီ Delta အသွင်ပြောင်းပိုးကို မထိန်းနိုင်၍ Covid-19 အသစ်ဖြစ်ပွားသူ ၁,၂၈၀ ဦးအထိ တိုးလာ ခဲ့ကြောင်း ရိုက်တာက ရရှိသည့်အချက်အလက်များကို အခြေခံ၍ တွက်ချက်နိုင်ခဲ့သည်။

ထိုဖြစ်ပွားနှုန်းသည် တရုတ်နိုင်ငံအတွက် Delta ကူးစက်နှုန်းအမြင့်ဆုံးအခြေအနေဖြစ်ပြီး ပြည်နယ် ၂၁ ခုနှင့် ဒေသအသီးသီး၊ စည်ပင်သာယာရေးလုပ်ငန်းများကိုပါ သက်ရောက်စေခဲ့သည်။

အထက်ပါ ကူးစက်နှုန်းသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အတော်အတန်နည်းပါးသော်လည်း တရုတ် အာဏာပိုင်များက နောက်ထပ်ကူးစက်ခြင်းများကို ပိတ်ဆို့တားဆီးနိုင်ရန် ဆန္ဒစောနေကြသည်။

ထိတွေ့မှုများကို တင်းကြပ်စွာခြေရာခံခြင်း၊ အန္တရာယ်များသော နေရာများရှိ လူများကို အကြိမ်ကြိမ်စမ်းသပ်ခြင်း၊ ဖျော်ဖြေရေးနှင့်ပွဲလမ်းသဘင်များကို ပိတ်ပင်ခြင်း၊ ခရီးသွားနှင့်သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များ ထပ် တလဲလဲအကောင်အထည်ဖော်ခဲ့သည့် အကျိုးကျေးဇူးကြောင့် သီတင်းပတ်အနည်းငယ်အတွင်း ပြည်နယ်အဆင့် ဆယ်ဂဏန်းထက်မနည်း ကူးစက်မှုနှုန်း ထိန်းထားနိုင်ခဲ့သည်။

သို့သော် ဒါလီယန်မြို့အနေဖြင့် ဗိုင်းရပ်စ်ပိုးနှင့်အတူ ရုန်းကန်နေရဆဲဖြစ်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်အရာရှိ ဝူလိုင်ယန်ယောင်က ပြောကြားခဲ့သည်။

Source: Reuters, Channel News Asia