CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၃

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ခြင်းတို့ ကြောင့် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင်)အား အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ ယနေ့ (အောက်တိုဘာ ၂၃ ရက်) ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်၊ထိန်းချုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင် နစက၏ ဦးဆောင်မှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှု၊ ပြည်သူ လူထုမှ စနစ်တကျ စည်းကမ်းလိုက်နာ၍ ဌာနဆိုင်ရာ အသီးသီးမှ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေး အသင်း အဖွဲ့အစည်းများမှ တက်ကြွစွာ ပံ့ပိုးဆောင်ရွက်မှုများကြောင့် ရောဂါပိုးတွေ့ရှိရမှုနှုန်းမှာ ကျဆင်းလာကြောင်း တွေ့ရှိရသည် ဟုဆိုသည်။

သို့သော်လည်း ရောဂါပိုးတွေ့ရှိရမှုနှုန်း ပိုမိုကျဆင်းလာစေရန်၊ ရောဂါကူးစက်မှုကွင်းဆက်အား ဖြတ်တောက်နိုင်စေရန်နှင့် ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်အပြင် စာသင်ကျောင်းများ ပြန် လည် ဖွင့်လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံမှုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိခြင်း၊ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြို တင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ခြင်းတို့ကြောင့် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်း များ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင်)အား အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အ ထိ ဆက်လက်၍ ယာယီပိတ်ထားမည်ဟု ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်လတွင် အခြေခံပညာကျောင်းများအား ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ် ကူးစက်မှုများကြောင့် ဇူလိုင် ၉ ရက်နေ့မှစတင်ကာ ကျောင်းများ ပြန်လည်ပိတ်ထားခဲ့သည်မှာ လက်ရှိအချိန်အထိ ဖြစ်သည်။

ထို့ကြောင့် လက်ရှိ အောက်တိုဘာ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ကျောင်းများအား ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။