CNI Entertainment News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

ထိုင်းရုပ်ရှင် မင်းသားတစ်ဦးဖြစ်တဲ့ Mark Prim ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ ထိုင်းရုပ်ရှင်မင်းသမီး Kimmy ကို ဆွစ်ဇလန်နိုင်ငံမှာ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။

ဒီအကြောင်းကို Mark Prim က သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ တင်ထားခဲ့တာပါ။

မင်းသား Mark Prim နဲ့ မင်းသမီး Kimmy တို့ကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းပါဘူး။

သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း ၈ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။

မင်းသား Mark Prim နဲ့ မင်းသမီး Kimmy ကို လက်ထပ်ခွင့်တောင်း(Mark Prim IG)

ချစ်သူသက်တမ်း ၈ နှစ်ပြည့်မှာ Mark Prim အနေနဲ့ သူ့ကို လက်ထပ်ခွင့် တောင်းလိမ့်မယ်လို့ ထင်ခဲ့ကြောင်း Kimmy က အင်တာဗျူးတစ်ခုမှာ ပြောဖူးခဲ့ပါတယ်။

ဒါပေမယ့် Mark Prim က ချစ်သူသက်တမ်း ၈ နှစ်ကျော်မှာ အခုလိုမျိုး လက်ထပ်ခွင့် တောင်းခဲ့တာပါ။

သူတို့နှစ်ဦးကိုတော့ ထိုင်းနိုင်ငံက ပရိသတ်တွေသာမက မြန်မာနိုင်ငံက ပရိသတ်တွေကပါ သူတို့နှစ်ဦးကို ချစ်မြတ်နိုး ကြတာ ပါ။

Source: Mark Prim IG