ဒိုဟာ-ဟာမစ် နိုင်ငံတကာလေဆိပ်ကတော့ ၂၀၂၁ ခုနှစ်အတွက် နံပါတ်တစ် လေဆိပ်အဖြစ် သတ်မှတ်ခံရပြီး ချန်ဂီ လေဆိပ်က တတိယနေရာသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။ 

ပုံ-ဟာမက် နိုင်ငံတကာ လေဆိပ် (HIA)ကိုတွေ့ရစဉ်(CNN)

၂၀၂၁ ခုနှစ်၏ အကောင်းဆုံး လေဆိပ်စာရင်းတွင် ဒိုဟာလေဆိပ်ပြီးလျှင် ကျန်သည့် အဆင့်ရပ်တည်မှုများကို ဥရောပနှင့်အာရှ တို့ရှိ လေဆိပ်များက နေရာယူထားသည်။ ဂျပန်နိုင်ငံရှိ တိုကျိုမြို့လေဆိပ်များဖြစ်သည့် နာရီတာနှင့် ဟာနီဒါလေဆိပ်တို့က ထိပ်တန်း လေဆိပ် ၁၀ ခုနေရာတွင် အကောင်းဆုံး အဆင့်သတ်မှတ်ခြင်း ခံရသည်။

လေဆိပ်များ၏ အဆင့်အတန်း ရပ်တည်မှုကို အကဲဖြတ်ရာတွင်   လေဆိပ်အတွင်း ဝန်ဆောင်မှုပိုင်းကို အထူးပြု ချီးကျူးလေ့ ရှိသည့် ၎င်း၏ superfans များ၏ရှုထောင့်မှ မဟုတ်ပေ။ ဒိုဟာလေဆိပ်ကို အမှတ်ပေးရာတွင်လည်း ၎င်း၏ အထင်ကရ လေကြောင်းလိုင်းဖြစ်သော Qatar Airways ၏ ကြိုးစားအားထုတ်မှုကို တိုက်ဆိုင်စစ်ဆေးပြီး အမှတ်ပေးခြင်းဖြစ်သည်။  ကာတာအစိုးရသည် ၎င်း၏ အမျိုးသားလေကြောင်းလိုင်းနှင့် လေဆိပ်နှစ်ခုလုံးကို အံ့မခန်းရလဒ်ထွက်ပေါ်အောင် အကြီး အကျယ် ရင်းနှီးမြှုပ်နှံခဲ့သည်။

ပုံ-တိုကျို နာရီတာလေဆိပ် (NRT)ကိုတွေ့ရစဉ်(CNN)

ကာတာလေကြောင်းလိုင်းကို လိုက်ပါစီးနင်းသူ ခရီးသည်များအနေဖြင့် လေဆိပ်မှ မြို့တွင်းသို့ အခမဲ့ပို့ပေးခြင်း၊ တည်းခိုခွင့်နှင့် အစားအသောက်များ အခမဲ့စီစဉ်ပေးခြင်း (အတက်အဆင်းပေါ်မူတည်၍)၊ လေယာဉ်ဝန်ထမ်းများက ဧည့်သည်များကို ၎င်းတို့ လေဆိပ်ဖြတ်၍ ချိတ်ဆက်ထားသည့် လေယာဉ်ပေါ်အရောက် အဆင်ပြေချောမွေ့စွာ လမ်းညွှန်ပို့ဆောင်ပေးသော VIP လွှဲ ပြောင်း ဝန်ဆောင်မှုတို့ကို ရရှိကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအထိ စစ်တမ်းကောက်ယူထားသော ခရီးသည်များ စိတ်အကျေနပ်ဆုံး ထိပ်တန်းလေဆိပ် ၁၀ ခု (Top Ten) မှာ -

(၁) ဟာမက် နိုင်ငံတကာ လေဆိပ် (HIA)

(၂) တိုကျို ဟာနီဒါလေဆိပ် (HND)

(၃) စင်ကာပူ ချန်ဂီလေဆိပ် (SIN)

(၄) အင်ချွန်းနိုင်ငံတကာလေဆိပ် (ICN)

(၅) တိုကျို နာရီတာလေဆိပ် (NRT)

(၆) မြူးနစ်လေဆိပ် (MUC)

(၇) ဇူးရစ်လေဆိပ် (ZRH)

(၈) လန်ဒန် ဟိသရိုးလေဆိပ် (LHR)

(၉) ကန်ဆိုင်း နိုင်ငံတကာလေဆိပ် (KIX)

(၁၀) ဟောင်ကောင် နိုင်ငံတကာလေဆိပ် (HKG) တို့ဖြစ်ကြသည်။

Source: CNN

#ချန်ဂီလေဆိပ် #ဒိုဟာလေဆိပ် #နိုင်ငံတကာလေဆိပ် #အကောင်းဆုံး #နံပါတ်တစ် #ထိပ်ဆုံး #စင်ကာပူ #နိုင်ငံတကာ #CNImyanmar #cninews #ChannelNewsIndependent