CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၀

အာဆီယံအွန်လိုင်းဈေးရောင်းပွဲတော်နေ့ (AOSD 2021) ကာလဖြစ်သော ယခု ဩဂုတ်လ ၈ ရက် မှ ၃၁ ရက်နေ့ အတွင်း မြန်မာနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်း၊ အသုံးအဆောင်များကို နိုင်ငံတကာမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အစီစဉ်ကို မလေးရှားပြည်ပကုန်သွယ်မှုဖွံ့ဖြိုးရေးအဖွဲ့ (MATRADE)က ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများအကြား ဘေးကင်းလုံခြုံ စိတ်ချရသော ဒစ်ဂျစ်တယ်ဈေးကွက်များဖြင့် လူသုံးကုန်နှင့် စားသောက်ကုန်များမှ စ၍ ဖက်ရှင်၊ လျှပ်စစ်နှင့် အိမ်သုံးပစ္စည်းများအပြင် ဝယ်ယူသူအကြိုက် ဖန်တီးလုပ်ဆောင်ပေးနိုင်သည့် ဝန်ဆောင်မှုများ အပါအဝင် အရည်အသွေးမြင့် ထုတ်ကုန်များကို တိုက်ရိုက်ရောင်းချပေးမည့် e-Commerce စနစ်ကို ပိုမိုဖွံ့ဖြိုးလာစေရန် အတွက် MATRADE နှင့်အတူ မလေးရှားအခြေစိုက် နိုင်ငံတကာက အွန်လိုင်းစီးပွားရေးလုပ်ငန်း ၂၇ ခု တို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် သည်။

AOSD 2021 ကို onlineasean.com ကတဆင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ၁၅၀ နီးပါး ပြသရောင်းချ မည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဈေးဝယ်သူများသည် များပြားပြည့်စုံလှသော ကုန်ပစ္စည်းများကို လွယ်လင့်တကူ ရှာဖွေနိုင်ကာ ဒေသတစ်ဝန်းမှ ခိုင်မာစိတ်ချရသော လက်လီရောင်းချသူများ၊ ကုန်ပစ္စည်း ထောက်ပံ့ပေးသွင်းသူများနှင့် အွန်လိုင်းကူးသန်းရောင်းဝယ်ရေး ဈေးကွက်ထောက်ပံ့သူများထံမှ အထူးလျှော့ဈေး များကို ယခုပွဲတော်မှ တစ်ဆင့် ရရှိခံစားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ မလေးရှားကုန်သွယ်ရေးမဟာမင်းကြီး Mr. Azahar Mohamed က ‘‘AOSD ဟာ အွန်လိုင်း ကူးသန်းရောင်းဝယ်တဲ့နေရာမှာ အောင်မြင်ကြီးထွားခါစ လုပ်ငန်းတွေအတွက် လမ်းဖွင့်ပေးတဲ့ ပလက်ဖောင်း တစ်ခုပဲဖြစ်တယ်။ ဒီလိုမျိုးစိန်ခေါ်မှုကြီးမားတဲ့ကာလမှာ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ချဲ့ထွင်နိုင်ဖို့အပြင် မလေးရှားအွန်လိုင်း ကူးသန်းရောင်းဝယ်ရေးဈေးကွက်တွေထဲက စားသုံးသူတွေ ယုံကြည်မှု အရှိဆုံးဖြစ်တဲ့ လုပ်ငန်းတွေထဲက တချို့ကို ပြသခွင့်ရလို့ ကျေနပ်မိသလို မြန်မာက ဝယ်ယူသူတွေအနေနဲ့ အွန်လိုင်းကနေဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ ချောချောမွေ့မွေ့နဲ့ ကောင်းမွန်တဲ့ ဈေးဝယ်အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်’’ဟု ပြောကြားသည်။

မြန်မာနိုင်ငံက စားသုံးသူတွေအနေဖြင့် AOSD ဝက်ဘ်ဆိုက်ကတစ်ဆင့် Alibaba၊ Shop.com၊ Shopee၊ Minebizs၊ Lokein၊ PG Mall၊ BuyMalaysia၊ JIFFY2U၊ bebecom၊ Halal Street၊ Zalora၊ Dagang Halal၊ Tour Plus၊ Souk Asia၊ Pazarme၊ Payhalal၊ Idea Planet၊ eKedai၊ SiteGiant၊ Halal Food Master၊ Jazmine၊ Shoppymore၊ Trapo Asia၊ Elokal၊ Desamall၊ Malakat၊ Youbeli နှင့် Hanker’s Foods အစရှိသည့် မလေးရှား အခြေစိုက် လုပ်ငန်းများ သို့မဟုတ် မလေးရှားမှာ ဒေသဆိုင်ရာ ရုံးချုပ်များဖွင့်လှစ်ထားသော အွန်လိုင်း ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများကို လေ့လာနိုင်မှာဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်းများ တိုက်ရိုက်ရောင်းချမှုအပြင် စီးပွားရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲဖလှယ်ပွဲများကို MATRADE နှင့် MITI တို့က စီစဉ်ကျင်းပသွားမှာဖြစ်ပြီး eBizmatch အစီအစဉ်ကတဆင့် မလေးရှားမှ ရောင်းချလိုသူများနှင့် မြန်မာမှ ဝယ်ယူတင်သွင်းလိုသူများ၊ ပြန်လည် ဖြန့်ဖြူးလိုသူများအကြား မည်သို့မည်ပုံ ပူးပေါင်းလုပ်ဆောင်နိုင်မည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများ ဖလှယ်မှုတို့ကို လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရန် လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဒေသတွင်း အွန်လိုင်းကူးသန်းရောင်းဝယ်ရေးလုပ်ငန်းက ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ မှ ဘီလီယံ ၃၀၀ အထိ ၃ ဆ တိုးတက်လာနိုင်မည်ဟု e-Conomy SEA 2019 report အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း အွန်လိုင်းကူးသန်းရောင်းဝယ်ရေးသို့ ပြောင်းလဲမှု အားကောင်းနေဆဲ အချိန်တွင် AOSD က ဒေသတွင်းမှာ အရှိန်အဟုန်ကောင်းနေသော နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ပိုမိုအားကောင်းလားစေရန် ဒစ်ဂျစ်တယ်ကတဆင့် အရှိန်မြင့် ထိန်းကျောင်းလုပ်ဆောင်လျက်ရှိသည်ဟု ဖော်ပြထားသည်။

 

#CNINews

#CNIMyanmar

#ChannelNewsIndependent

#eConomySEA

#eBizmatch

#MATRADE

#MITI

#AzaharMohamed

#Alibaba

#Shop.com

#Shopee

#Minebizs

#Lokein

#PGMall

#BuyMalaysia

#JIFFY2U

#bebecom

#HalalStreet

#Zalora

#DagangHalal

#TourPlus

#SoukAsia

#Pazarme

#Payhalal

#IdeaPlanet

#eKedai

#SiteGiant

#HalalFoodMaster

#Jazmine

#Shoppymore

#TrapoAsia

#Elokal

#Desamall

#Malakat

#Youbeli

#HankersFoods

#Malaysia