CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၃

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်အတွက် ဘတ်/ကျပ် တိုက်ရိုက် ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့(မတ်လ ၃ ရက်) ထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေ ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ် ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။

ဗဟိုဘဏ်က “ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်(Designated Bank) များတွင် နယ်စပ် ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ဘတ်စာရင်းဖွင့်လှစ်ခွင့်ပြုသည်” ဟု ထုတ် ပြန်ချက်တွင် ပြောထားသည်။

ထို့နောက် ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်(Guideline)အား လိုက်နာဆောင်ရွက်ရန်ဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။