CNI International News
လန်ဒန်၊ ဒီဇင်ဘာ ၂၂
Covid-19 ၏ အိုမိုက်ခရွန်မျိုးကွဲကြောင့် ဧည့်သည် ဝန်ဆောင်မှုပေးရသော လုပ်ငန်းများ ဆက်လက် ရှင်သန်စေရန်အတွက် ထောက်ပံ့ငွေ စတာလင်ပေါင် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ)နှင့် အခြားအကူအညီများ ပံ့ပိုးပေးသွား မည်ဟု ဗြိတိန်အစိုးရက ကြေညာခဲ့ကြောင်း အေပီက ဖော်ပြထားသည်။
ထိုသို့ ကြေညာခြင်းမှာ ပြည်သူ့ကျန်းမာရေး သတိပေးချက်များကို လိုက်နာသည့် အဖျော်ယမကာဆိုင်များ၊ စားသောက်ဆိုင် များနှင့် အခြားစီးပွားရေး လုပ်ငန်းများအနေဖြင့် ဖိအားပြေလျော့စေခြင်းဖြင့် အရေးကြီးသည့် ခရစ္စမတ်ရာသီကို အရှိန်အဟုန် တစ်မျိုးသုံး၍ ပြောင်းလဲစေခဲ့ကြောင်း အေပီက ဆက်လက်ရေးသားထားသည်။
ပုံ-ဗြိတိန်နိုင်ငံအလံနဲ့ အမျိုးသမီးတစ်ဉီးကိုတွေ့ရစဉ်။(AP)
အင်္ဂလန်ရှိ ဧည့်ဝန်ဆောင်မှုနှင့် အပန်းဖြေလုပ်ငန်း ကဏ္ဍများရှိ စီးပွားရေး လုပ်ငန်းများအနေဖြင့် လုပ်ငန်းရှင်တစ်ဦးလျှင် ပေါင် ၆၀၀၀ (၇,၉၅၄ ဒေါ်လာ) အထိ အစိုးရထောက်ပံ့ ကြေး တစ်ကြိမ်စာအတွက် အကျုံးဝင်မည်ဖြစ်သည်။
ပိုမိုကူးစက်လွယ်သော ရောဂါပိုး မျိုးကွဲသစ် ရုတ်တရက် လွှမ်းမိုးလာခြင်းကြောင့် ဒေသအလိုက် စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးနိုင်ရေးဦးတည်လျက် ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ပြည် နယ်အစိုးရများကို ပေါင်သန်း ၁၀၀ (ဒေါ်လာ ၁၃၃) သန်း ပေးအပ် သွား မည်ဟု သိရသည်။
အဆိုပါ ထောက်ပံ့ကြေးကို စက်မှုလုပ်ငန်းများက ကြိုဆိုခဲ့ကြသော်လည်း နည်းပါးလွန်းသေးကြောင်း၊ ကူးစက်မှု ဆက်လက် တိုးနေမည်ဆိုပါက (သို့မဟုတ်) အစိုးရ၏ ကန့်သတ် ချက်များ ပိုမိုချမှတ်မည်ဆိုပါက အကူအညီ ထပ်မံ လိုအပ်မည် ဖြစ် ကြောင်း လုပ်ငန်းရှင် အများအပြားက ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ပုံ-ဗြိတိန်က ခရစ္စမတ်ရာသီကိုတွေ့ရစဉ်။(AP)
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ခရစ္စမတ်မတိုင်မီ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်အသစ်များ မချမှတ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့ပြီးဖြစ်သည်။ သို့သော် အိုမိုက်ခရွန် ဆက်လက် တိုးပွားနေပါက နှစ်သစ်ကူး အားလပ်ရက်အပြီးတွင် ကူးစက်ရောဂါဆိုင်ရာ အစီအမံအသစ်များ ထပ်မံပေါ်ထွက်လာနိုင်သည်။
“ကျနော်တို့က အိုမိုက်ခရွန်ကို အနီးကပ်စောင့်ကြည့်နေပါတယ်။ တကယ်လို့ အခြေအနေ ဆိုးလာရင်တော့ လိုအပ်ချက်အရ အရေးယူ ကိုင်တွယ်ဖို့ အသင့်ပါပဲ” ဟု ဘောရစ်ဂျွန်ဆင်က ဗီဒီယိုဖိုင်ဖြင့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
အင်္ဂလန်တွင် လူစုလူဝေး ပွဲလမ်းသဘင်များ ရှောင်ရှားစေပြီး အလုပ်သမားများ နေထိုင်မှုကို သီးသန့်ခွဲခြားစေခဲ့သဖြင့် ဝန်ထမ်းအင်အား နည်းပါးနေ၍ အရေးကြီးသော ခရစ္စမတ်ရာသီအတွင်း အဖျော်ယမကာဆိုင်များနှင့် စားသောက်ဆိုင်များ ရပ်နားစေခဲ့သည်။ ရုပ်ရှင်ရုံများနှင့် ပြတိုက် အများအပြားလည်း ပိတ်ထားကြရသည်။
Source: AP