CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကြား၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာမှာ ပိုက်ဆံထက် မူဝါဒက ပိုအရေးကြီးသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာန သို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားသလို ရင်းနှီးမြှုပ်နှံမှုများ အလွန်အားနည်းနေခြင်း ကြောင့် စီးပွားရေး ကျဆင်းနေကြောင်း၊ လူနေမှုကုန်ကျစရိတ်များ မြင့်မားနေကြောင်း၊ ငွေကြေးဖောင်းပွမှု မြင့် တက်နေကြောင်း၊ ကုန်သွယ်ရေးတွင်လည်း တရားမဝင် ကုန်သွယ်မှုများ ပိုမိုများပြားနေကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို စီမံခန့်ခွဲနေသူများ အနေဖြင့် မူဝါဒများကို သေချာကိုင်တွယ် ချမှတ်ရန်အရေးကြီးကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးဈေးကွက် လေ့လာနေသူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံ၏ စနစ်သည် အလွန်အားနည်းနေသည့် အချိန်တွင် အမြတ်များများရဖို့ထက် လုပ်ငန်းလည်ပတ်နိုင် အောင် ဦးစားပေးနေရကြောင်း၊ ထို့ကြောင့် တိုင်းပြည်တစ်ပြည် တိုးတက်ရန်အတွက် ပိုက်ဆံထက် မူဝါဒက ပို အရေးကြီးသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ဈေးကွက်စီးပွားရေးစနစ်ကို သရုပ်ဖော်ပြထားစဉ်

၎င်းက “အဓိက,ကတော့ အခြေခံ စီးပွားရေးစနစ်ကြီးကို ကျကျနန ပြင်နိုင်ဖို့လိုတာပေါ့။ အခြေခံ စီးပွားရေးစနစ် ပြင်ဖို့ဆိုတာလည်း နိုင်ငံရေးစနစ်ကောင်းမှပေါ့။ ဒီစီးပွားရေးပညာမှာရှိတဲ့ best bel ဆိုတာ နိုင်ငံရေး political efficiency မဖြစ်ရင်တောင်မှ ကျန်တာတွေ အကုန်လုံးက စဉ်းစားချက်က မှန်မှာပေါ့။ စီးပွားရေးပညာ တစ်ခုတည်းနဲ့ သက်သက် သွားစဉ်းစားလို့မရဘူး။ စနစ်ကြီးက သိပ်အားမကောင်းတဲ့ ချိန်မှာ government intervention လိုတာပေါ့။ အဲလိုကာလတွေမှာ ဘယ်လိုခေါ်မလဲ အမြတ်များများ မရရင် တောင် လည်ပတ်ဖို့အတွက် ဦးစားပေးရတာမျိုးတွေ priority ရှိတာပေါ့။ ဒါမူဝါဒနဲ့ဆိုင်သွားပြီပေါ့။ တိုင်းပြည် တစ်ပြည် ထူထောင်ဖို့ တိုးတက်ဖို့ဆိုတာက ပိုက်ဆံထက် မူဝါဒက ပိုအရေးကြီးတယ်။  အဲတော့ မူဝါဒကတော့ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ချတဲ့ စဉ်းစားဥာဏ်မျိုးလိုတာပေါ့”ဟု ပြောသည်။

စီးပွားရေးနှင့်ပတ်သက်သည့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများသည် သင့်တော်လျော်ညီပြီး စျေးကွက်စီးပွားရေး စနစ် ပြီပြင်စေသည့် မူဝါဒဖြစ်ရန် အရေးကြီးသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က ပြော သည်။

ကုန်ခြောက်ဈေးတန်းကို တွေ့ရစဉ်

၎င်းက “သူက ကဏ္ဍက ၁၄ ခုလောက်ရှိတာကို ဒီကဏ္ဍအားလုံးကို ပေါင်းခြုံတဲ့စနစ် မူဝါဒမျိုးကို ပြောတာပေါ့။ အဲလို စနစ်မူဝါဒမျိုးကို ပြောတယ်ဆိုတဲ့ခါကျတော့ အဓိက,က ဘာလဲဆိုတော့ အခြေခံအားဖြင့်က သူက စျေးကွက် စီးပွားရေးစနစ် အခြေခံဖြစ်စေတဲ့ မူဝါဒက ဖြစ်ကိုဖြစ်ရမှာပေါ့။ ဥပမာ ဆိုကျပါစို့ တရုတ်ပြည်ပေါ့ တစ်ပါတီစနစ်နဲ့သွားတယ်၊ ဗီယက်နမ်ပေါ့ တစ်ပါတီစနစ်နဲ့သွားတယ်။ ဒါသူတို့ကတော့ စျေးကွက်စီးပွားရေးစနစ် ပီပြင်လို့ပေါ့၊ စျေးကွက်စီးပွားရေးစနစ် ပီပြင်တယ်ဆိုတာက အခြေခံအကျဆုံး အကြောင်းတရားပေါ့။ ဒီစီးပွားရေး နဲ့ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ စာရွက်ထဲမှာပဲ ပြီးလို့မရဘူးပေါ့။ ဘာလဲဆိုတော့ စျေးကွက် စီးပွားရေးစနစ် ပီပြင်စေတဲ့ အခြေခံ အကြောင်းတရားတွေ ပထမဆုံး စဖန်တီးရမှာပေါ့။ ဒါပေမဲ့ မူဝါဒ ကို အကောင်ထည်ဖော်တဲ့ပုံသဏ္ဍက ပိုပြီးအရေးကြီးတာပေါ့။ စီးပွားရေး ဦးတည်ချက် ၄ ရပ်ပေါ့။ အဲ ၄ ရပ်လုံးက အချိန်နေ အချိန်အခါနဲ့ သင့်တော်လျော်ညီတယ်ပေါ့။ ဘာလို့ဆို Price တွေ မှန်အောင်လုပ်ရမယ် စျေးနှုန်းမမှန်ဘဲ စျေးကွက်စီးပွားရေးစနစ် ဖြစ်လို့မရဘူး။ ဆိုတော့ လုပ်ငန်းစီမံရေးစနစ် စိစစ်သုံးသပ်တာပေါ့၊ နောက်အရေးကြီးဆုံး အချက်ရှိတယ် မက်လုံးစီမံရေးစနစ်တွေ မှန်ဖို့လိုတယ်။ မက်လုံးစနစ်မှန်ဖို့က အာမခံချက်ရှိရမယ် စီးပွားရေးစနစ် က အာမခံရမယ် စီးပွားရေးစနစ်အကြောင်း ပြောလို့ရှိရင် သူက sector ၁၄ ခုတောင်ရှိတာကို စီးပွားရေးမူဝါဒ ပြောလို့ရှိရင် ခုနက ၃ ချက်ပေါ့ အဲ့ ၃ ချက်ကို နံပါတ် ၁ လုပ်နိုင်ဖို့လိုတာပေါ့။ စျေးကွက်စီးပွားရေးစနစ် ပီပြင်စေတဲ့ မူဝါဒ ဟုတ်သလား အဲဒါအရေးကြီးတာပေါ့”ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ကြိုးနီစနစ် အားကောင်းနေပြီး မူဝါဒအားလုံးကို တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ် ထားကြောင်း၊ ထိုမူဝါဒကို ကိုင်တွယ်ထားသူက ခွင့်မပြုမခြင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးရန် အခက်အခဲများ ဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။

အလားတူ မြန်မာနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး လုပ်ကိုင်ခွင့်များ ချပေးမှုများသည် မိသားစု- ဆွေမျိုးကောင်းစားရေး မူဝါဒကို အကောင်အထည်ဖော်နေသလို ဖြစ်နေသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်သင့်ကြောင်း၊ နိုင်ငံတကာ ပိတ်ဆို့မှုများ ပြန်လည်ပယ်ဖျက်နိုင်ရေးကိုလည်း ကြိုးစားသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။