CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၆

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုသည် Shwe Byain Phyu Oil & Gas Company Limited ကို ကုမ္ပဏီစာရင်း ရှင်းလင်း ဖျက်သိမ်းကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၁ ရက်နေ့က ကြေညာခဲ့သည်။

ထိုသို့ ကြေညာခဲ့ရာတွင် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုကို ဖျက်သိမ်းခြင်းမဟုတ်ဘဲ ရွှေဗျိုးဖြူကုမ္ပဏီအုပ်စု၏ ကုမ္ပဏီ အခွဲတစ်ခုကိုသာ ဖျက်သိမ်းခြင်းဖြစ်ကြောင်း ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်မှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် Shwe Byain Phyu Oil & Gas Company Limited သည် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ၏ ကုမ္ပဏီအခွဲတစ်ခုသာဖြစ်ပြီး ၎င်းကုမ္ပဏီတစ်ခုတည်းကိုသာ စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် အများပြည်သူသို့ စက်သုံးဆီများ ဖြန့်ဖြူးလျက်ရှိသော လုပ်ငန်း အပါအဝင် အခြားစီးပွားရေးလုပ်ငန်း များနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။