CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃

မြန်မာငွေ ၂၀၀၀၀ ကျပ်တန်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် စတင် ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ရဋ္ဌနန္ဒက၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှစ၍ ထုတ်ဝေမည်ဖြစ်သည်ဟု ဖော်ပြထားသည်။ 

အဆိုပါ ငွေစက္ကူကို အကုန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။