CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ပြီး မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုလျှင် မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းကြောင့် ရောင်းချသူနှင့် ရောင်းဝယ်သူများအတွက် ခိုင်မာမှုရှိသော် လည်း ဆိုင်ခန်းနှင့်မဟုတ်ဘဲ တစ်နိုင်တပိုင် ရောင်းချနေသည့် အွန်လိုင်းရောင်းချသူများအတွက် အဆင်မပြေနိုင် ကြောင်း၊ မှတ်ပုံတင်ကြေးကိုလည်း သက်သာသည့် နှုန်းထားဖြင့် သတ်မှတ်ပေးရန် လိုအပ်ကြောင်း ဆန်းသစ် အထည်ရောင်းဝယ်ရေးမှ မရတီက CNI သတင်းဌာနသို့ ပြောသည်။

 နှိုင်းရှင်မြင့်မိုရ် အွန်လိုင်းကနေ ဈေးရောင်းနေစဉ်

မရတီက “မှတ်ပုံတင်ရမယ်ဆိုတော့လေ ညီမတို့ကတော့ တချို့ online shop တွေကတော့ ကြီးကြီးမားမား ရှိ တယ်၊ ဆိုင်တွေဘာတွေလည်း ရှိတဲ့အခါကျတော့ မှတ်ပုံတင်တာ ဘာညာကျတော့ အဆင်ပြေတယ်။ ညီမတို့လို အသေးလေးတွေကျတော့ ဝန်ထမ်းအင်အားဆိုလည်း နည်းတယ်ပေါ့နော်။ ဟိုလိုမျိုး အကြီးကြီးလည်း မဟုတ် တော့ မှတ်ပုံတင်ရမယ်ဆိုတော့ သိပ်ပြီးတော့ အဆင်မပြေ လောက်ဘူးလားလို့။ ဒါပေမယ့် မှတ်ပုံတင်မယ်၊ သူတို့ limit တစ်ခုထားမယ်၊ သက်သာမယ့် ဈေးနှုန်းပေါ့နော် ၂ သိန်း ဝန်းကျင်လောက်ကျမယ် အဲဒီလိုမျိုးလေးဆိုရင် တော့ ညီမတို့ကိုယ်တိုင် တင်ချင်တယ်။ အဲဒီလိုမျိုး တင်မယ်ဆိုရင် ဒါဆိုလည်း ကိုယ့်အတွက် ခိုင်မာတယ်လို့ ခံစားရတယ်ပေါ့နော်။ နဂိုကတည်းက ညီမတို့ အဲဒီလို မှတ်ပုံတင်ဖို့တော့ အစီအစဉ်ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် လိုအပ်ကြောင်း၊ ထုတ်ပြန် ချက် ထုတ်ပြန်သည့် အချိန်မှစ၍ ၆ လ ပြည့်မြောက်ချိန်တွင် မှတ်ပုံတင် လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေမှုများကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုများတွင် လိမ်လည် ရောင်းချနေမှုများ၊ ငွေကြိုလွှဲပြီး ပစ္စည်းမပို့သည့် ရောင်းချသူများ ပေါများလာနေခြင်းကြောင့် ကိုင်တွယ်သင့်သည့် ကိစ္စတစ်ခုဖြစ်သည်ဟု မြင်ကြောင်း စီးပွားရေး လေ့လာသုံး သပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ထက်ထက်မိုးဦး အွန်လိုင်းကနေ ဈေးရောင်းနေစဉ်

၎င်းက “ရှင်းရှင်းပြောရရင်တော့ online shopping တွေက လိမ်လည်မှုတွေ များလာတယ်။ ဆရာတို့ ကိုယ်တိုင် လည်း ခဏခဏ အလိမ်ခံရတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင်။ Cash on delivery (ပစ္စည်းရောက်ငွေချေ) သာ ပြောပေမယ့် K pay နဲ့ ပေးချင်ရင် ကြိုပေးရတာတို့၊ K pay နဲ့ ပေးလိုက်ပြန်ရင်လည်း ပစ္စည်းက မရောက်လာတော့ ဘူး။ ဘာပဲပြောပြော online Registration (အွန်လိုင်း မှတ်ပုံတင်ခြင်း)ရှိလို့ ဒါဆိုရင် online Registration မှတ်ပုံ တင်ပြ ငါတို့ကို copy ပို့ပေး။ အဲဒါဆို ငါတို့ ပိုက်ဆံပေးမယ်ဆိုတဲ့ဟာမျိုး။ ဒါဆိုရင် ဘာပဲဖြစ်ဖြစ် ဆောင်ရွက်လို့ရ တာပေါ့။ အရေးယူ ဆောင်ရွက်မှုတွေ လုပ်လို့ရတာပေါ့။ အခုက လေပေါ်မှာသွားပြီး လေပေါ်မှာ ပျောက်သွားတာ ကိုး အကုန်လုံးက။ Page လေး ထောင်လိုက်တာနဲ့ အွန်လိုင်းလုပ်လို့ရတယ်။ ဒါကတော့ ကိုင်တွယ်သင့်တယ်လို့ ယူဆတယ်။ ဘာပဲပြောပြော အခွန်လည်း ဝင်လာနိုင်သလို စားသုံးသူရေးရာ ဘက်ကနေ ကြည့်ရင်တော့ Customers side ကတော့ အန္တရာယ်ကင်းသွားတာပေါ့။ ဘာလို့ဆို Page လေးတစ်ခုပဲ ကြည့်ပြီးတော့ ပစ္စည်းမှာ ရတာလေ” ဟု ပြောသည်။

အွန်လိုင်းကနေ ဈေးရောင်းချခြင်းကို မှတ်ပုံတင် လျှောက်ထား၍ ဆောင်ရွက်မည်ဆိုပါက ရောင်းချသူနှင့် ဝယ်ယူသူအကြား ယုံကြည်မှု ရရှိစေနိုင်ကြောင်း အွန်လိုင်းကနေ ဈေးဝယ်နေသူများက ပြောသည်။

သို့သော်လည်း ထုတ်ပြန်ချက်ပဲမဟုတ်ပဲ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အွန် လိုင်းဖြင့် ရောင်းချနေမှုများကို မြေပြင်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်၍ လုပ်ဆောင်ပေးသင့်ကြောင်း၊ ကွင်း ဆင်း စစ်ဆေးမှသာ လိမ်လည်သည့်အခါတွင် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း  အွန်လိုင်းရောင်းချသူများနှင့် ဝယ်ယူသူများက ပြောသည်။