ပြေးဆွဲပေးမည့် ကုန်သေတ္တာတင်သင်္ဘော ၃၇ စီးတွင် ဒိန်းမတ်နိုင်ငံအခြေစိုက် နာမည်ကြီး သင်္ဘောလိုင်းဖြစ်သည့် Maersk line က ၁၆ စီးအထိ အများဆုံး ပါဝင်နေပြီး ဒုတိယအများဆုံးအဖြစ် စင်ကာပူသင်္ဘောလိုင်း COSCO နှင့် ACL အစရှိသည့် ကုန်သေတ္တာတင် သင်္ဘောလိုင်းများလည်း ပါဝင်သည်။ Maersk line က မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်အတွက် အရွယ် အစား ကြီးမားသည့် ကုန်သေတ္တာ တင်သင်္ဘော (၃)စီး ပြေးဆွဲပေးမည်ဖြစ်ပြီး ပို့ကုန်များအတွက်လည်း Space and Equipment Shortage ဖြစ်နေသည်ကို ရှင်းပေးရန်နှင့် သွင်းကုန်ပိုမို ကိုင်တွယ်နိုင်ရန် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပြောထားသည်။ ပြီးခဲ့သည့် ဇူလိူင်လ(၂၀၂၀ ခုနှစ်)အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော အစီးရေ ၄၀ အထိ ဆိုက်ကပ် ပြေးဆွဲခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စာရင်းများအရ သိရသည်။
#နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော
#ရန်ကုန်ဆိပ်ကမ်းသို့ဆိုက်ကပ်မည်
#မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#စီးပွားရေး
#ပြည်တွင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်
နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော ၃၇ စီး ရန်ကုန်သို့ ဆိုက်ကပ်မည်
- By CNI
- Category: စီးပွားရေး
- Hits: 537