၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်မှစတင်၍ တချို့သော တိုင်းဒေသကြီးများရှိ ကျောင်းများနှင့် ပြည်တွင်း စားသောက်ဆိုင်များကို ယာယီပိတ်ထားရန် သက်ဆိုင်ရာ တိုင်းဒေသကြီး အသီးသီးရှိ ဌာနဆိုင်ရာများက ထုတ်ပြန် ထားသည်။ YPTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျန်းမန်က “အဝေးပြေးယာဉ်လိုင်းတွေက သီးခြားရပ်ပါလို့ ညွှန်ကြားတာတော့မရှိဘူး။ ထွက်တဲ့ယာဉ်လိုင်းတွေက ထွက် တယ်။ ကိုဗစ် စည်းကမ်းနဲ့အညီ ပြေးဆွဲရမှာပေါ့။ ဒါပေမယ့် သက်ဆိုင်ရာ ဒေသ တွေက သူတို့ဘာသာ ဝင်ခွင့်မပြုတာတွေ ဘာတွေတော့ အဲလိုတော့ ရှိမှာပေါ့” ဟု ပြောသည်။ ယနေ့ (ဇူလိူင်လ ၄ ရက်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီး အောင်မင်္ဂလာအဝေး ပြေး ယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၁၁၃ လိုင်း၊ ယာဉ်အစီးရေ ၂၄၉ စီးနှင့် ခရီး သည် ၂၀၁၈ ဦး ထွက်ရှိပြီး ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၅၅ လိုင်း၊ ယာဉ် အစီးရေ ၁၀၆ စီးနှင့် ခရီးသည် ၇၉၁ ဦး ထွက်ရှိသည်။ထို့နောက် ဒလအဝေးပြေးယာဉ်ရပ်နားဝန်းမှ ယာဉ်လိုင်း ၁၅ လိုင်း၊ ယာဉ်အစီးရေ ၂၈ စီးနှင့် ခရီးသည် ၁၀၅ ဦး ထွက်ရှိကြောင်း ၎င်းက ပြောသည်။ YPTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျန်းမန်က “အားလုံးပေါင်း ခရီးသည် ၃၀၀၀ ကျော်လောက်တော့ သွားတာပေါ့။ ဒါက အရင်ကထက်တော့ နည်းတာ ပေါ့။ ပုံမှန်ကာလမှာ ဆိုရင် ခရီးသည် ၂၀၀၀၀ ကျော်လောက်သွားတာ။ လျှော့ သွားတယ်”ဟု ပြောသည်။ ကိုဗစ်ကူးစက်မှုများ ယခုထက် ပို၍ ကူးစက်မှုများလာလျှင် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်းသာ ဆက်လက်ပြေး ဆွဲသွားမည် ဖြစ်ပြီး လက်ရှိတွင်လည်း နှာခေါင်းစီး (Mask)မပါလျှင် လိုက်ပါစီးနင်းခွင့် မပြု ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ တတိယလိူင်း ဖြစ်နေပြီး ရောဂါကူးစက်မှု မြန်နေသည့်အတွက် MoHs က ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာရန်နှင့် နေ့စဉ် မရှိမဖြစ် အသုံးလိုသော စားသောက်ကုန် များသာ ရောင်းချ သည့် ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ဖွင့်ခွင့်ပြုထားကာ အခြားကုန်ပစ္စည်းရောင်းချသည့် ဆိုင်များကိုတော့ ပိတ်ထားရန် ညွှန်ကြား ထားသည်။ ထို့ပြင် ပြည်သူများအနေနှင့် မလိုအပ်သည့် ခရီးသွားလာခြင်းမျိုးကို မပြုလုပ်ရန် နှင့် လိုအပ်ချက်များအရ သွားရောက်မည် ဆိုပါကလည်း MoHS က ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များကို လိုက်နာရန် ထုတ်ပြန်ကြေညာထားသည်။ ၂၀၂၁ ခုနှစ်၊ဇူလိုင် ၃ ရက်မှ ဇူလိုင် ၄ ရက် ည ၈ နာရီအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၂၃၁၈ ဉီးရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ သိန်း ၆ သောင်း ကျော် ရှိကြောင်း၊ ယနေ့ထိ သေဆုံးသူ စုစုပေါင်း ၃၄၁၉ ဉီးရှိကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန MoHS ၏ ဇူလိုင် ၄ ရက်နေ့ ည ၈ နာရီ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြာထားသည်။
#ဦးလျန်ကျန်းမန်
#YPTC
#ကိုဗစ်-၁၉ တတိယလိူင်း
#အဝေးပြေးယာဉ်လိုင်းများ
#ရန်ကုန်တိုင်းဒေသကြီး
#အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း
#ကျန်းမာရေး
#စီးပွားရေး
ကိုဗစ်လှိုင်းအသစ် ဖြစ်နေသော်လည်း အဝေးပြေးယာဉ်လိုင်းများ ပိတ်ခိုင်းမှုမရှိ
- By CNI
- Category: စီးပွားရေး
- Hits: 476