CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉

မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဂတိဖြင့် လုပ်ဆောင်မှုများကြောင့် နိုင်ငံသားမဟုတ်သင့်သူများက နိုင်ငံသားဖြစ်၍ နိုင်ငံသားဖြစ်သင့်သူများက တရားမဝင်မှုဖြင့် ‌ဘေးရောက် သွားမည့် အနေအထားမျိုး မြင်ရကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသားဖြစ်သည်ဆိုပါက အရွယ်ရောက်သည့်အခါ နိုင်ငံသားစိစစ်ရေးကတ်လုပ်ရလျှင် ၎င်းတို့အတွက် မည်သည့်အခက်အခဲမှ ရှိစရာမလိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များအား ရွေးကောက်ပွဲကာလမှလွဲ၍ ကျန်သည့် အချိန်များ၌ လွယ်လင့်တကူ လုပ်၍မရကြောင်း ၎င်းက ပြောသည်။

၄င်းက “ကျနော်ထင်တာတော့ သူသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ပေတံနဲ့တိုင်းမှာမဟုတ်ဘူး။ အစိုးရဖြစ်ပြီး သူဘာပေါ်လစီလုပ်မလဲ ဘာလုပ်မလဲဆိုတဲ့ ပေတံနဲ့တိုင်းမယ်လို့ ယူဆတယ်။ ဥပမာ အာဆီယံရဲ့ (5 point Consensus) ကို လိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ လိုက်ပါ လုပ်ဆောင်နိုင်တယ် ဆိုရင်တော့ အာဆီယံ သဘောထားပြောင်းလဲသွားနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ကတေ့ာ ဖိလစ်ပိုင်၊ နောက်နှစ်မှာတော့ စင်္ကာပူ၊ နောက်တစ်နှစ်မှာတော့ ထိုင်းပြန်ဖြစ်တာကို။ ဒါကြောင့် ထိုင်းအာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ နှစ်လောက်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အာဆီယံမှာ တင်းပြည့်ကျပ်ပြည့် ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ သဘောလည်းရှိတာကို။ ဒါကြောင့် ဒီစင်္ကာပူကလည်း နောက်နှစ် သူ့လက်ထက်မှာ ဖြစ်နိုင်ခြေရှိမလား။ သူမဖြစ်ဘူးဆိုရင်တော့ စင်္ကာပူပြီးရင် လာမယ့် ထိုင်းကတော့ သေချာပေါက်ပြန်‌ဖြစ်ပေးနိုင်တဲ့သဘောရှိတာပေါ့လေ။ အစိုးရရဲ့ပေါ်လစီတွေ မထွက်သေးတော့ နည်းနည်းတော့ ကြည့်ရအုံးမယ်။ ဒီလူတွေကတော့ ဒီလူတွေပဲ။ ဒါပေမယ့် မူ အပြောင်းအလဲ များ ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်။ စစ်ရေးကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုကာကွယ်ရေး ဦးစီးချုပ်တွေ ခန့်အပ်တဲ့ဟာပေါ့။ နှစ်ယောက်စလုံးကတော့ စစ်ရေးမှာ ပျော့ပျောင်းမယ့်သဘောရှိမယ့်ပုံမပေါ်ဘူး။ နောက်စစ်ရေးကတော့ နဂိုအတိုင်းသွားနိုင်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးဘက်က အစိုးရပေါ်လစီ အပြောင်းအလဲ လွှတ်တော်က ချမှတ်ပေးတဲ့ ပေါ်လစီ အပြောင်းအလဲတွေဖြစ်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒါဆိုရင်တော့ သူတို့အနေနဲ့ နိုင်ငံရေးအပြောင်းအလဲပေါ်မှာပေါ့ စစ်ရေးကတော့ လိုက်ပြီးလှုပ်ရှားတာတော့ ရှိလာမှာပေါ့လေ ကြည့်ရတာ။ ဒါပေမယ့် အုပ်စုတော့ကွဲသွားမယ်စစ်ရေးမှာတော့။ ပြောလို့ဆိုလို့ရတဲ့ ညှိနှိုင်းလို့ အပေးအယူနိုင်ငံရေးအရ Dialogue လုပ်လို့ရမယ့် အဖွဲ့တွေကတော့ တစ်ပိုင်းဖြစ်ပြီးတော့ Dialogue လုပ်ဖို့ မလွယ်တဲ့ အဖွဲတွေကတော့စစ်ရေးအရ ပိုပြီးတော့ တင်းကြပ်မယ့်သဘောတော့ရှိတာပေါ့လေ။ နှစ်ပိုင်းတော့ဖြစ်နိုင်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေ ကြည့်ရင် အဲဒီလိုမြင်ရပါတယ်” ဟု ပြောသည်။ 

လဝက ဝန်ထမ်းများအားတွေ့ရစဉ်

မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေခံ ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှ ထုတ်ပေးပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ် ပြည့်သူများသည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ဖြင့် သက်ဆိုင်ရာ လဝကရုံးများ၌ ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုပြုလုပ်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့် မသမာသောနည်းလမ်းဖြင့် UID နံပါတ် လျှောက်ထားခြင်းများအတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်တည်ဆဲဥပဒေများအရ ထောင်ဒဏ် (၆) လမှ အများဆုံး (၅) နှစ်အထိနှင့် ငွေဒဏ်များချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ၏ အစိုးရဌာနများအနက် လဝက ဌာနသည် လုပ်တတ်လျှင် လုပ်တတ်သကဲ့သို့ ပြင်ပ ဝင်ငွေ အများအးပြား ရရှိကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။

ထို့ကြောင့် လစာဝင်ငွေအပြင် အခြားပြင်ပဝင်ငွေရချင်သည့်အတွက် လဝကဌာနတွင် ဝန်ထမ်းဖြစ်ချင်ကြသူ အင်မတန်များပြားသည့် အနေအထားမျိုးတွေ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ပြောသည်။

လဝက ဝန်ထမ်းများအားတွေ့ရစဉ်

၄င်းက ”ကျနော်တို့ရှေ့မှာတုန်းကပေါ့နော် NSPNC နဲ့ ပါတီတွေရဲ့ အလုပ်အဖွဲ့ပေါ့နော် ၁၆ ပါတီနဲ့ ကျနော်တို့ ဆွေးနွေးပွဲတွေရှိခဲ့တာပေါ့။ အဲဒီထဲမှာ ကျနော်တို့ သဘောတူထားတဲ့ ၄၃ ချက်ရှိတယ်။ ပြီးတော့ အဲဒီ ၄၃ ချက်ထဲမှာ မပါသေးပေမယ့် အခြေခံအားဖြင့် သဘောတူထားပြီးသားပေါ့နော်။ မူအားဖြင့် သဘောတူပြီးသားအချက်တွေလည်းရှိတာပေါ့။ အဲဒီလိုဟာတွေက မဖြစ်မနေ လုပ်ပါ့မယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ လွှတ်တော်ပြန်စပြီဆိုတာနဲ့ လုပ်ပါ့မယ်ဆိုတဲ့ဟာကရှိတဲ့အခါကြတော့ ကျနော်တို့က ဒါတွေကို အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒါတွေမျှော်လင့်လို့ရမယ်။ ပြီးတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်အနေနဲ့က အခုက စုဖွဲ့လာပြီပေါ့နော်။ စုဖွဲ့လာပြီဆိုတဲ့အခါကြတော့ ကျနော်တို့က ရှေ့မှာတုန်းကတော့ အာဏာထိန်းပေါ့လေ။ အာဏာထိန်း အစိုးရဖြစ်တယ်။ ဒီတစ်ခေါက်ကြတော့ ဘာပဲဖြစ်ဖြစ် လူတွေက အများကြီးပြောင်းလဲတာမျိုး မဟုတ်ပေမယ့် ကျနော်တို့က ရွေးကောက်ခံအစိုးရဆိုတဲ့ပုံသဏ္ဍာန်တော့ ပြန်ပြောင်းသွားတာပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ Power Center ကလည်း ပြန်ကွဲသွားတယ်။ လွှတ်တော်ဆိုတာပေါ်လာတယ်။ ဒီအတွက်ကြောင့်မို့လို့ လူတအားမပြောင်းပေမယ့်လည်း ကျနော်တို့ ကစားစရာနိုင်‌ငံရေး (Political Arena) ပေါ့နော်။ ကစားကွင်းက ပိုပြီးတော့ လူးသာလွန့်သာ ရှိလာတယ်ပေါ့။   ဒီအတွက်ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ကလည်း မျှော်လင့်စရာ‌ အများကြီးရှိပါတယ်” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် လဝက ဝန်ထမ်းများသည် အဂတိတရား ကျူးလွန်၍ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ထုတ်ပေးခြင်းနှင့် နိုင်ငံသားများ မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းစဉ်များ လုပ်ဆောင် ရာမှာ လုပ်ငန်းကြန့်ကြာအောင် အချိန်ဆွဲကာ ငွေကြေး တောင်းခံခြင်းဖြင့် တိုင်းပြည်ကို ကိုယ်ကျိုးစီးပွားနှင့်မလဲသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

အလားတူ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်ရှိနေသော ဘင်္ဂါလီတချို့သည်လည်း လဝက ဝန်ထမ်းများကို ငွေကြေးပေး၍ နိုင်ငံသားစိစစ် ရေးကတ်(မှတ်ပုံတင်)များ ရယူထားကြောင်း ရခိုင်နိုင်ငံရေးသမားများက ထောက်ပြသည်။