CNI International Article
၂၀၂၅ ခုနှစ်၊ မေလ ၃၁
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းကို ထိန်းချုပ်ထားသည့် “ဝ” တိုင်းရင်းသား လက်နက်ကိုင် (UWSA)သည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ အကျိုးစီးပွားများကို ကာကွယ်ပေးနေသည်။
ထိုင်းအရပ်ဘက် အဖွဲ့အစည်းများကမူ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသည့် “ဝ”အဖွဲ့အား အရေးယူရန် တောင်းဆိုထားသည်။
“ဝ”အဖွဲ့၏ ဇာစ်မြစ်သည် တရုတ်နိုင်ငံဖြစ်ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့များက ပြောကြားနေသော်လည်း ထိုင်းအစိုးရက တရားဝင် တုံ့ပြန်ဆောင်ရွက်မှုမရှိခဲ့ပေ။
မယ်ဆိုင်(ထိုင်းနိုင်ငံ)တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီးနောက် NGO များသည် Sai နှင့် Kok မြစ်များအတွင်း အဆိပ်သင့်ပစ္စည်းများ ရောသွားမည့်အရေးကို စိုးရိမ်နေကြပြီး သတ္တုတွင်းလုပ်ငန်းများ ပိတ်ပစ်ရန်အတွက် မြန်မာအာဏာပိုင်များနှင့် “ဝ”တပ်ဖွဲ့တို့အား ဖိအားပေးရန် ဆွေးနွေးညှိနှိုင်းမှုများ အရှိန်မြှင့်လုပ်ဆောင်ရန် ထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။
ဖြူးထိုင်းအစိုးရနှင့် လုံခြုံရေးအေဂျင်စီများသည် လက်ရှိတွင် သတ္တုတွင်းလုပ်ငန်းများ၊ “ဝ”တပ်ဖွဲ့များနှင့် ပတ်သက်သည့် သတင်းအချက်အလက် အနည်းငယ်သာ ရရှိထားသည်ဟု ဆိုသည်။
UWSA ခေါင်းဆောင် ပေါက်ယူချန်းနဲ့ တရုတ်အထူးကိုယ်စားလှယ် တာဝန်ယူခဲ့သူ မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်
“ဝ”ပြဿနာသည် လုံခြုံရေးစိန်ခေါ်မှု တစ်ခုထက်ပိုပြီး ပြည်သူ့ကျန်းမာရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည်။
သတ္တုတူးဖော်ရေး လုပ်ငန်းများကို အပြီးတိုင် ရပ်တန့်ရန် မြန်မာအစိုးရ၊ တရုတ်အစိုးရနှင့် “ဝ”တပ်ဖွဲ့တို့အား ပြတ်သားသည့် သဘောထားကို ပြသရန် Greenpeace Thailand အမည်ရှိ NGO အဖွဲ့က ထိုင်းအစိုးရကို တိုက်တွန်းထားသည်။
တရုတ်ကွန်မြူနစ်ပါတီသည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တို့ကို လွှမ်းမိုးထားသည်။
ထိုင်းတွင် “ဝ”နီ(Red Wa) ဟု လူသိများသည့် (UWSP) သည် ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)၊ မိုင်းလားတပ်ဖွဲ့(NDAA)နှင့် ရှမ်းတပ်ဖွဲ့(SSPP/SSA)တို့အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ဩဇာလွှမ်းမိုးထားသည်။
ကိုးကန့်သင်ခန်းစာ
*****************
လွန်ခဲ့သည့် ၂ နှစ်ခန့်က ၁၀၂၇ စစ်ဆင်ရေးတွင် ကိုးကန့်၊ တအာင်းနှင့် ရခိုင်(AA) လက်နက်ကိုင်သုံးဖွဲ့သည် မဟာမိတ်ဖွဲ့ပြီး မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ခဲ့ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ၂၀ ခန့်အား သိမ်းပိုက်ခဲ့သည်။
ထိုစစ်ဆင်ရေးသည် မြန်မာ့တပ်မတော်အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
မည်သို့ပင်ဆိုစေ ယခုနှစ်တွင် မြောက်ပိုင်းမဟာမိတ်များ၏ အောင်ပွဲသည် ပြောင်းပြန်ဖြစ်သွားခဲ့ပြီး တရုတ်၏ လွှမ်းမိုးမှုနှင့်အတူ ကိုးကန့်တပ်ဖွဲ့(MNDAA)သည် မဟာဗျူဟာအရ အရေးပါသည့် လားရှိုးမြို့ကို မြန်မာ့တပ်မတော်ထံ လွှဲပြောင်းပေးခဲ့ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၏ အဓိကမြို့ဖြစ်သည့် လားရှိုးမြို့သည် ပထဝီနိုင်ငံရေးတန်ဖိုး မြင့်မားသည့်မြို့ဖြစ်သည်။
လားရှိုးမြို့သည် မိုးမိတ်-ရွှေလီ ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်း အပါအဝင် ရှမ်းပြည်နယ်ကြား အဓိက ဂိတ်ပေါက်တစ်ခုဖြစ်သည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တရုတ်နိုင်ငံ၏ ပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ထဲတွင် ပါဝင်နေသည်။
ထိုစီးပွားရေးစင်္ကြံတွင် ဓာတ်ငွေ့ပိုက်လိုင်းများ၊ ရေနံသယ်ယူပို့ဆောင်ရေးနှင့် အမြန်ရထားလမ်းစီမံကိန်းတို့ ပါဝင်သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံက ငွေကြေးနှင့်လက်နက်များ ထောက်ပံ့ခဲ့ပြီး တရုတ်နိုင်ငံကို ထိခိုက်စေခဲ့ သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းခဲ့သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူဦးရေမှာ တရုတ်လူမျိုးများဖြစ်ပြီး ယူနန်ပြည်နယ်မှ လူသုံးကုန်ပစ္စည်း များ၊ လျှပ်စစ်မီး၊ ရေနံနှင့် အင်တာနက် ဝန်ဆောင်မှုများကို အားကိုးနေရသောကြောင့် ကိုးကန့်စစ်ခေါင်းဆောင် များသည် ၎င်းတို့၏ မာနကို လျှော့ချခဲ့ရသည်။
UWSA ခေါင်းဆောင်နဲ့ NDAA ခေါင်းဆောင်များကို တွေ့ရစဉ်
“ဝ”လူမျိုးတို့၏ သမိုင်းသည် မော်စီတုန်း၏ အယူဝါဒ လွှမ်းမိုးခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့်လည်း ဆက်စပ်နေသည်။
၁၉၈၉ ခုနှစ်တွင် ဗကပထဲမှ “ဝ”အဖွဲ့ဝင်များသည် မြန်မာ့တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် အထူးဒေသ ၂ ဟု လူသိများသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ရရှိခဲ့သည်။
ထို့နောက် “ဝ”ခေါင်းဆောင်များသည် ၁၉၉၂ ခုနှစ်တွင် UWSP နှင့် UWSA တို့ကို ထူထောင်ခဲ့သည်။
UWSP ၏ အုပ်ချုပ်မှုပုံစံသည် တရုတ်ကွန်မြူနစ်ပါတီကို ပုံတူကူးချထားခြင်းဖြစ်ပြီး အုပ်ချုပ်မှုကို ၂ ပိုင်းခွဲထား သည်။
“ဝ”ပြည်မြောက်ပိုင်း (အထူးဒေသ ၂) သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ Salween(သံလွင်)မြစ်အရှေ့ပိုင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင် တည်ရှိသည်။
“ဝ”ပြည်မြောက်ပိုင်းတွင် လူဦးရေ ၆၀၀,၀၀၀ ခန့်ရှိကာ စစ်သားအင်အား ၃၀,၀၀၀ ရှိပြီး မြို့တော်သည် ပန်ဆန်းမြို့ ဖြစ်သည်။
UWSA ငြိမ်းချမ်းရေးပွဲမှာ “ဝ”လူမျိုးတွေကို တွေ့ရစဉ်
“ဝ”ပြည်တောင်ပိုင်းသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဩဇာလွှမ်းမိုးထားပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၏ Fang၊ Mae Ai ၊ Wiang Haeng နှင့် Chiang Dao မြို့များ၊ မယ်ဟောင်ဆောင်ပြည်နယ်၏ Pang Mapha မြို့များနှင့် နယ်စပ်ချင်းထိစပ်နေသည်။
“ဝ”ပြည်တောင်ပိုင်း၏ မြို့တော်သည် Yon ဖြစ်ပြီး “ဝ”ပြည်တောင်ပိုင်းတပ်ဖွဲ့၏ တပ်မှူး Wei Xie Ying နှင့် ညီဖြစ်သူ Wei Xie Kang တို့၏ ထိန်းချုပ်မှုအောက်တွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်လျက်ရှိသည်။
တောင်ဘက်ကို ချီတက်လာသည့် “ဝ”တပ်ဖွဲ့များ
*****************************************
စစ်အေးကာလအတွင်း ထိုင်းစစ်တပ်သည် မြန်မာ့တပ်မတော်၏ ရန်ကိုကြားခံ အကာအကွယ်ယူသည့် အနေဖြင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ ကရင်တပ်ဖွဲ့(KNU)၊ ရှမ်းတပ်ဖွဲ့(RCSS) အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် မှီခိုခဲ့ရသည်။
စစ်အေးကာလအပြီးတွင် မြန်မာစစ်ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်က UWSP နှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး “ဝ”လူမျိုးများကို ပန်ဆန်း အပါအဝင် တရုတ်နိုင်ငံအနီးရှိ Mong Hsat (မိုင်းဆတ်)နှင့် Mong Ton(မိုင်းတုံ)မြို့များတွင် နေရာ ချထားပေးခဲ့သည်။
ထိုမြို့များသည် ထိုင်းနိုင်ငံ၊ ချင်းရိုင်နှင့် ချင်းမိုင်ပြည်နယ်များ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
လွန်ခဲ့သည့် အနှစ် ၂၀ ခန့်က ယွက်စစ် ဦးဆောင်သော RCSS ၏ ဩဇာကို တန်ပြန်ရန် ရည်ရွယ်သည့် မူဝါဒအရ “ဝ”ပြည်မြောက်ပိုင်းတွင် နေထိုင်သည့် “ဝ”လူမျိုးများထဲမှ ၈၀,၀၀၀ ကျော်သည် “ဝ”ပြည်တောင်ပိုင်းသို့ ပြောင်းလာခဲ့ကြသည်။
MNDAA- AA- TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်၏ ဩဇာခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
***********************************************************************
ဧပြီလက ပြုလုပ်သည့် UWSP ၏ ပါတီညီလာခံတွင် ပေါက်ယူချန်းကို ပါတီဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်အဖြစ် အတည်ပြုခဲ့သည်။
အထူးသဖြင့် UWSP နှင့် UWSA တို့သည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို ဩဇာ လွှမ်းမိုးထားသည်။
ထိုလေးဖွဲ့မှာ NDAA၊ MNDAA၊ SSPP/SSA နှင့် PSLF/TNLA တို့ဖြစ်သည်။
NDAA သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရှမ်း/အာခါ တိုင်းရင်းသားများကို ကိုယ်စားပြုသည့် မိုင်းလားအဖွဲ့ ဖြစ်သည်။
MNDAA သည် ကိုးကန့်လူမျိုးများ ပါဝင်သည့် ကိုးကန့်အဖွဲ့ဖြစ်သည်။
SSPP/SSA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် ဟိုင်းကျေးရွာတွင် ဌာနချုပ်ဖွင့်ထားသည့် ရှမ်းအဖွဲ့ ဖြစ်သည်။
PSLF/TNLA သည် ပလောင်(တအာင်း)လူမျိုးများကို ကိုယ်စားပြုသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
“ဝ”နှင့် ထိုတိုင်းရင်းသား လက်နက်ကိုင်များသည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ပေးနေပြီး ဓာတ်ငွေ့ပိုက်လိုင်းများ၊ ရေနံသယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းများနှင့် အနာဂတ် မြန်နှုန်း မြင့် ရထားလမ်းစီမံကိန်းများ အပါအဝင် ပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ အဓိကလမ်းကြောင်းများကို အကာအကွယ် ပေးထားသည်။
“ဝ”နှင့် မဟာမိတ် လက်နက်ကိုင်အဖွဲ့များသည် NUG နှင့် ဆက်ဆံခြင်းမရှိသဖြင့် ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုသည် မြန်မာ့တပ်မတော် အတွက်လည်း အကျိုးရှိစေခဲ့သည်။
Source: The Nation