CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁

မတ်လ ၂၈ ရက်နေ့တွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တိုက်အမှတ် ၃၃၆၉ ၌ ပိတ်မိနေသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသင်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသမီးပိတ်မိနေခြင်းကို ယနေ့ နံနက် ၇ နာရီ ၅၈ မိနစ်အချိန်တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။