CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၅

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဖြတ်သန်းဝင် ရောက်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင်များ အပါအဝင် လူနေအိမ်များ၊ ထရန်စဖော်မာများ၊ သစ်ပင်များ ပျက်စီးကာ ဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည်။

ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က ကျောက်ဖြူမြို့ ဒေသခံများ ဖုန်းဆက်သွယ် နိုင်ရန်အတွက် ကျောက်ဖြူဟိုတယ်ရှေ့မှာ Mobile Station တစ်ခုကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။