CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၅

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)သည် မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုး တန်းဒေသများကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

ထို့ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သတ်မှတ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ၁၇ မြို့နယ်မှာ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်တို့ဖြစ်သည်။

 မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးနေမှုများကိုတွေ့ရစဉ်

မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ဆက်သွယ်ရေးတာဝါတိုင်၊ လူနေအိမ်များ၊ သစ်ပင်များ၊ ထရန်စမော်များ ပျက်စီးခဲ့သလို ရေကြီးမှုများလည်း ကြုံတွေ့ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ခရိုင် ၇ ခု၊ မြို့နယ်ပေါင်း ၁၇ မြို့နယ်၊ မြို့ ၂၆ မြို့၊ ရပ်ကွက် ၁၇၀၊ ကျေးရွာအုပ်စု ၁၀၃၅၊ ရွာပေါင်း ၃၇၃၈ ရှိသည်။