CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၃

အသက် ၁၅ နှစ်အရွယ် အမျိုးသားငယ်တစ်ဦးကို အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက တိုက်ခန်းလှေကားတွင် လိင်ဆက်ဆံခဲ့မှုဖြင့် စင်ကာပူနိုင်ငံရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၇ လ ချမှတ်လိုက်ကြောင်း todayonline.com တွင် သတင်းဖော်ပြထားသည်။

စင်ကာပူနိုင်ငံသား ချင်ကိုင်ရှောင်သည် လိင်တူချစ်သူများသုံးစွဲသည့် မိုဘိုင်းအပ်ပ်(mobile dating app) မှ တစ်ဆင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် အမျိုးသားငယ်တစ်ဦးနှင့် သိကျွမ်းခဲ့ကြောင်း၊ နောက်တစ်ရက် စင်ကာပူစံတော်ချိန် ည ၇ နာရီခန့်တွင် အများပိုင်အိမ်ရာတိုက်ခန်းလှေကားထစ်တွင် လိင်ဆက်ဆံရန် သဘောတူခဲ့ကြကြောင်း၊ တစ်နာရီခန့်ကြာအောင် ၎င်းတို့သည် အဝတ်အစားများပေါ်မှ ကိုင်တွယ်ထိတွေ့၍ စကားပြောဆိုခဲ့ကြပြီးနောက် အမျိုးသားငယ်အိမ်ထဲသို့ ပြန်ဝင်ကာ ကလေးသူငယ်သုံးဆီတစ်မျိုးနှင့် အရေပြားချောမွေ့စေသည့် Vaseline ဆီတစ်မျိုးတို့ကို ယူဆောင်လာခဲ့ကြောင်း အဆိုပါသတင်းဝက်ဘ်ဆိုက်က ဆက်လက်ဖော်ပြသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးသည် ယူဆောင်လာသည့် ချောဆီများသုံး၍ မဖွယ်မရာ လိင်ဆက်ဆံနေစဉ် ရဲအရာရှိနှစ်ဦးက ၎င်းတို့ကို မြင်၍ ဝင်ရောက်ဟန့်တားခဲ့ကြောင်းဆိုသည်။ သို့သော် ရဲများက ၎င်းတို့နှစ်ဦး ကျူးလွန်နေသည့်အကြောင်း မည်သို့မည်ပုံ မြင်တွေ့သိရှိခဲ့ကြောင်း တရားရုံးမှတ်တမ်းတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

ရုံးတင်စစ်ဆေးသည့်အခါ ချင်ကိုင်ရှောင်က ပထမတွင် စွဲချက်ကို စောဒကတက်ခဲ့သော်လည်း နောက်ပိုင်းတွင် စွဲချက်ပြင်ဆင်ပေးသည့်အခါ အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

ချင်ကိုရှောင်ကို အသက်ငယ်ရွယ်သူနှင့်ညစ်ညမ်းသည့်အပြုအမူကျူးလွန်ကြောင်း ကလေးသူငယ်နှင့် လူငယ်များအက်ဥပဒေအရ ထောင်ဒဏ်အပြစ်ပေးရန် တရားရုံးက စီရင်ချက်ချ၍ ဆုံးဖြတ်ခဲ့သည်။

ချင်ကိုရှောင်၏ရှေ့နေဖြစ်သူ အယ်လ်ဖက်ဒေါ့ဝဲက ကျူးလွန်ခံရသူ ဆယ်ကျော်သက်သည် အထူးထိရှ လွယ်သည့်အခြေအနေတွင် မရှိကြောင်းနှင့် စင်ကာပူတွင် တရားဝင်သတ်မှတ်ထားသည့် အသက်အရွယ် ၁၆ နှစ်ပြည့်ရန် လအနည်းငယ်သာ လိုတော့ကြောင်း၊ ထို့သို့ မဖွယ်မရာပြုကျင့်ရန်လည်း ဆယ်ကျော်သက်က စိတ်တူကိုယ်တူလက်ခံကြောင်း စသည့်ဖြင့် လျှောက်လဲချက်ပေးခဲ့သည်။

သို့သော် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ချင်ကိုရှောင်ကို တရားရုံးက ထောင်ဒဏ် ၇ လ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

Source: todayonline.com

#ကလေးသူငယ်

#စင်ကာပူ

#အမျိုးသား

#လိင်တူချစ်သူ

#လိင်ဆက်ဆံ

#CNINews

#CNIMyanmar

#ChannelNewsIndependent