ယူဆွတ်ဘူဟာရီနှင့် ဇာဟရာနာဆာဘေယီရိုတို့၏ ထိမ်းမြားမင်္ဂလာပွဲသည် ယခုနှစ်အတွက် နိုက်ဂျီးရီးယားနိုင်ငံ၏ အကြီးကျယ်ဆုံး ထင်ပေါ်ကျော်ကြားသူများပွဲပင် ဖြစ်တော့သည်။

ကာနိုပြည်နယ်ရှိ ဘီချီနန်းတော်အတွင်းသို့ လူပေါင်းထောင်နှင့်ချီ၍ စုဝေးရောက်ရှိနေကြသည်။

နိုက်ဂျီးရီးယားနိုင်ငံတွင် သမ္မတမိသားစုနှင့် တော်ဝင်အသိုင်းအဝိုင်းတို့ မင်္ဂလာဆောင်မှာ မကြုံစဖူး ခမ်းနားစည်ကားလှ ကြောင်း သမိုင်းပညာရှင်တစ်ဦးက ဘီဘီစီသို့ ပြောသည်။

ယခု သတို့သားနှင့် သတို့သမီးတို့သည် ဗြိတိန်နိုင်ငံ၊ ဆာရေး (Surrey) တက္ကသိုလ်တွင် ဆုံစည်းခဲ့ကြသည်။ ပွဲအစီအစဉ်များကို ဩဂုတ် ၂၁ ရက်တွင် ဆက်လက်ကျင်းပခဲ့ပြီး သတို့သမီး၏ဖခင် နာဆာအဒိုဘာဟီရီကို ဘီချီသမ္မတနန်းတော်၏ တော်ဝင် မိသားစုဝင်အဖြစ် သရဖူကို တရားဝင် ဆောင်းခွင့်ရရှိသည်။ နာဆာအဒိုဘာဟီရီကို၏ အစ်ကိုသည် နိုက်ဂျီးရီးယား၏ အထင်ရှားဆုံး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အသစ်စက်စက် ဇနီးမောင်နှံစုံတွဲကတော့ ထို သရဖူဆောင်းသည့် အခမ်းအနားကို မတက်ရောက်ခဲ့ပေ။

သတို့သားဘက်မှ မိသားစုက နိုင်ဂျီရီးယားနိုင်ငံ မြောက်ပိုင်းဓလေ့အရ သတို့သမီးစရိတ်၏ ၁၀ ဆ ပမာဏရှိသော နိုက်ဂျီးရီးယား ငွေကြေး ၅၀၀,၀၀၀ နိုင်ရာ (ဒေါ်လာ ၁,၂၀၀) ကို သတို့သမီး မိသားစုထံ ပေးအပ်ခဲ့သည်။

သတို့သမီး၏ မင်္ဂလာမဆောင်မီ ဓါတ်ပုံများမှာ လူမှုကွန်ရက်မီဒီယာများတွင် အငြင်းပွားစရာဖြစ်ခဲ့ရကြောင်း၊ ၎င်း၏ ပခုံး ဖွင့် ထားသဖြင့် ဘေးလူများက အကာအကွယ်ပေးထား၍ အချို့က ပြောဆို အငြင်းပွားနေကြကြောင်း နိုက်ဂျီးရီးယားရှိ ဘီဘီစီ သတင်းထောက် အီဟက်ခါလစ်က သတင်းပေးပို့ထားသည်။

လက်ထပ်ပွဲတက်ရန် ကိုယ်ပိုင်ဂျက်လေယာဉ်အစင်း ၁၀၀ ခန့် ပျံသန်းဆိုက်ရောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း အမှန်တကယ်တွင် အစင်း ၅၀ အောက်သာ ဆိုက်ရောက်ခြင်းဖြစ်ကြောင်း လေဆိပ်အရာရှိတစ်ဦးက ဘီဘီစီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပွဲအစီအစဉ်များကို လျှော့ချခဲ့ရသည်။ ဧည့်သည်တော်အများစုမှာ မျက်နှာဖုံး နှာခေါင်း စည်းများ ဝတ်ဆင်ထားကြရသည်။ နိုက်ဂျီးရီးယားနိုင်ငံတွင် Covid-19 ရောဂါဖြစ်ပွားမှုကို မနည်းထိန်းချုပ် ရုန်းကန်နေရ ချိန်လည်း ဖြစ်သည်။

မင်္ဂလာဆောင်အခမ်းအနားအတွက် လုံခြုံရေးထူထပ်စွာ ချထားခဲ့ပြီး ရဲနှင့်စစ်တပ် အရာရှိများက နန်းတော်အနီး စောင့်ကြပ် ကာ ဘေးပတ်ပတ်လည် မဟာဗျူဟာကျသော နေရာတချို့တွင် တပ်စွဲထားသည်။

နိုင်ငံတဝန်းမှ ထိပ်တန်း နိုင်ငံရေးသမားများနှင့် ထုံးတန်းစဉ်လာအရ ဩဇာရှိသူများလည်း တက်ရောက်ခဲ့ကြရာ ၎င်းတို့အထဲ တွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ဂွတ်လပ်ဂျွန်နသန်လည်း ပါဝင်သည်။

မင်းစိုးရာဇာ အထက်တန်းလွှာများဖြစ်ကြသည့် ဂမ်ဘီယာနိုင်ငံ သမ္မတကတော် ဖာတမာဘာ့ဘရိုးနှင့် အိမ်နီးချင်း နိုင်ဂျာနိုင်ငံ သမ္မတဟောင်း မူဟာမက်ဒူအစ်ဆောဖူတို့လည်း နိုင်ငံခြား ဧည့်သည်တော်များထဲတွင် တွေ့ရသည်။

Source: BBC

https://www.bbc.com/news/world-africa-58291132?fbclid=IwAR1bLuOMZNO0eaJ0W1esLieOEdM50fEIQ6tmqVYvnj7gwU5AoQR61mHGebA