CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈
 
ထွန်းကော်မာရှယ်ဘဏ်နှင့် Pepsi ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ (ဧပြီ ၁၈ ရက်)နံနက်ပိုင်းက ကွယ်လွန် သွားပြီဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးထံမှ သိရသည်။
 
ဦးသိန်းထွန်း၏ ရုပ်အလောင်းကို ယနေ့(ဧပြီ ၁၈ ရက်)တွင် ရန်ကုန်သို့ ပြန်လည် သယ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။
 
ပြီးခဲ့သည့် ၂ လလောက်ကစတင်ပြီး ဦးသိန်းထွန်းသည် ကျန်းမာရေး မကောင်းဘဲ ကိုမာရောဂါလက္ခဏာကို ခံစားနေရခြင်း ဖြစ်ကြောင်း သိရသည်။
 
၂၀၁၆ ခုနှစ်က စီးပွားရေးစာပေဆုရှင် ဦးသက်ထွန်းဦးကို ထွန်းဖောင်ဒေးရှင်းစာပေဆုရွေးချယ်ရေးကော်မတီ နာယက ဦးသိန်းထွန်းက ဆုချီးမြှင့်နေစဉ်(မြန်မာတိုင်းမ်)
 
ဦးသိန်းထွန်းသည် မြန်မာတိုင်းမ်သတင်းဌာနကိုလည်း ထူထောင်ထားသည်။ ထို့နောက် ဦးသိန်းထွန်းသည် စာပေဝါသနာပါသူဖြစ်ပြီး စာပေထူးချွန်ဆုများကိုလည်း ရွေးချယ်ချီးမြှင့်ပေးလေ့ရှိသူ ဖြစ်သည်။
 
မြန်မာ့စာပေကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၆ ခုနှစ်မှ စတင်၍ ထွန်းဖောင်ဒေးရှင်းစာပေဆုကို ချီးမြှင့်ခဲ့သည်။ စာပေရွေးချယ်စိစစ်ရေးကော်မတီမှ စာအုပ်(၇)အုပ်၊ စာမူ(၇)နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာအုပ် (၂)အုပ်ကို ရွေးချယ်ခဲ့သည်။
 
အဆိုပါ ၂၀၀၆ ခုနှစ်တွင် ဆုရရှိသူများမှာ ခင်ခင်ထူး၊ မိုးမိုးတာရောစန်၊ ဂျူနီယာဝင်း၊ ဝင်းမောင်၊ ဒေါက်တာစိုးလွင်၊ ဒေါက်တာတိုးလှ၊ မောင်ဝံသတို့ ဖြစ်ကြသည်။
 
၂၀၁၁ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ပဉ္စမအကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆုကို မြန်မာ့ဘဏ်လုပ်ငန်းရှင်များအစည်းအရုံး အဆောက်အဦးတွင် ကျင်းပခဲ့သည်။