CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅

 ရန်ကုန်မြို့တွင် ပြုလုပ်ထားသည့် နောက်ဖေးလမ်းကြားဥယျာဉ် အမှိုက်များနှင့်အတူ ညစ်ညမ်းလာမှုနှင့် ပျက်စီးနေမှုကို ထိန်းသိမ်းရန်အတွက် လက်ရှိအချိန်တွင် စိန်ခေါ်မှုတရပ် ဖြစ်နေကြောင်း နောက်ဖေးလမ်းကြားဥယျာဉ်ကို အကောင်အထည် ဖော်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဒို့အိမ်က CNI သတင်းဌာနသို့ ပြောသည်။

 ဒို့အိမ်မှ တာဝန်ရှိသူတစ်ဉီးက “ကိုဗစ် ပထမလှိုင်းထဲက ရပ်ကွက်နေပြည်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ရဲ့ သက်ဆိုင်ရာ နောက်ဖေးလမ်းကြား တွေကို အသုံးမပြုဘဲ ပိတ်ထားတာ တွေ့ရှိရပါတယ်။ တချို့ကတော့ နံရံပန်းချီတွေ ဆေးရောင်ပျယ် သွားတာ၊ အမှိုက်အနည်း ငယ် ရှိတာတွေရှိသလို တချို့ကျတော့လည်း အမှိုက်တွေနဲ့ တော်တော်များများ ပြန်ရောက်လာတာရှိ ပါတယ်။ ပိတ်ထားတာ များတဲ့အတွက် လမ်းကြားအားလုံးရဲ့ အခြေအနေကို သိရှိဖို့ အနည်းငယ် အခက်အခဲရှိပါတယ်။ ဒို့အိမ် အနေနဲ့ အကောင် အထည် ဖော်ပြီး နောက်ဖေးလမ်းကြားယျာဉ်တိုင်းကို နှစ်စဉ်မိုးရာသီပြီးတိုင်း အသေးစိတ်သန့်ရှင်းမှု ပြုလုပ် နိုင်ရန် အားထုတ် သလို၊ ရပ်ကွက်နေပြည်သူတွေရဲ့ အခြားပုံမှန်ထိန်းသိမ်းတဲ့ လှုပ်ရှားမှုတွေမှာလည်း ကူညီထောက်ပံ့ပေး လျက်ရှိပါတယ်။ ဒါပေမယ့် ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး ယခုလိုပြုလုပ်ပေးနိုင်ရန် စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့ပါ တယ်”ဟု ပြောသည်။ 

ယခင်က နောက်ဖေးလမ်းကြားဥယျာဉ် အခြေအနေကိုတွေ့ရစဉ်(မူရင်းပိုင်ရှင်)

ရန်ကုန်အတွင်းရှိ နောက်ဖေးလမ်းကြား ဥယျာဉ်ပေါင်း ၂၀ ကျော်ရှိသည့်အနက် ထိုအထဲမှ ဥယျာဉ် ၁၂ ခုကို ဒို့အိမ်မှ ဖန်တီး ခဲ့ခြင်း ဖြစ်သည်။

 ဒို့အိမ်အနေဖြင့် နောက်ဖေးလမ်းကြားဥယျာဉ် ပျက်စီးနေမှုကို ပြန်လည် ပြုပြင်ထိန်းသိမ်းရန်အတွက် ရပ်ကွက်နေ ပြည်သူများ နှင့် ပူးပေါင်းလုပ်ဆောင်၍ ဆက်လက် အကျိုးပြုသွားရန် သန္နိဌာန် ချမှတ်ထားကြောင်း ပြောသည်။

 ဒို့အိမ်မှ တာဝန်ရှိသူတစ်ဉီးက “လက်ရှိအနေအထားမှာ အများပြည်သူဆိုင်ရာ နေရာတွေကို ထိန်းသိမ်းပြုပြင်ဖို့က စိန်ခေါ်မှု တစ်ရပ်အဖြစ်ရှိတာကို ဒို့အိမ်က နားလည်ထားပါတယ်။ သို့ပေမဲ့ ရပ်ကွက်နေပြည်သူများက ၎င်းတို့ ဝန်းကျင်မှာရှိတဲ့ ဒီလို နေရာတွေကို ထိန်းသိမ်းပြုပြင်ဖို့ ကြိုးပမ်းရာမှာ ဆက်လက်အကျိုးပြုသွားဖို့ ဒို့အိမ်အနေနဲ့ သန္နိဌာန်ချမှတ်ထားပါတယ်” ဟု CNI သို့ ပြောသည်။

 နောက်ဖေးလမ်းကြား ဥယျာဉ်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် Yangon Wall၊ ဒို့အိမ်၊ မြို့ပြထိန်းသိမ်းရေးအဖွဲ့တချို့နှင့် ရပ်ရွာနေ ပြည်သူလူထုတို့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။