CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ သရက်တောကျောင်းတိုက် သဘာဝ တရားရိပ်သာမှ နေ့စဉ် လူဦးရေ ၅၀၀ နီးပါးကို နေ့လည်စာ ထမင်းနှင့် ဟင်းများကို ဝေငှပေးလျက်ရှိသည်။
ထိုသို့ ဝေငှပေးနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ လက်ရှိကာလတွင် လူဦးရေ များပြားလာပြီး ၇၀၀ ဝန်းကျင်ကို ရောက်ရှိလာပြီ ဖြစ်သည်ဟု ကျောင်းတိုက်မှ ဦးဇင်းတစ်ပါးက မိန့်သည်။
အဆိုပါ ဦးဇင်းက “ကတ်ပြားက လုပ်ထားတာ ၅၀၀၊ လာတန်းစီတဲ့သူကများတော့ ကတ်ပြားက မလောက်ဘူး။ ၇၀၀ လောက် ရှိနေပြီ။ ကျန်တဲ့သူတွေကို ဒီအတိုင်းပဲ တန်းစီခိုင်းတာ။ ကျန်တဲ့သူတွေလည်း ရအောင် အဆင်ပြေအောင် လုပ်ပေးတယ်။ ၁၂ နာရီမှ ဝေပေမယ့် တချို့က ၉ နာရီကတည်းက လာပြီး တန်းစီနေကြတာ” ဟု မိန့်သည်။