CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု မြန်မာ-ရုရှား ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရုရှားဘက်က Roscosmos နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်းမှ အထွေထွေအတွင်း ရေးမှူးချုပ် H.E. Bakanov Dmitry Vladimirovich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်‌ရောက်ခဲ့ပြီး မြန်မာဘက်ကတော့ မြန်မာအာကာသအေဂျင်စီ(MSA) အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ထို့နောက် ရုရှား-မြန်မာ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးပြီးနောက် H.E. Bakanov Dmitry Vladimirovich နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ အလုံလမ်းရှိ အာကာ သ ပြတိုက်၌ လေ့ကျင့်ရေး အထက်တန်းကျောင်း(ကမာရွတ်မြို့နယ်)မှ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့သလို အာကာသနည်းပညာအကြောင်းကိုလည်း ဟောပြောပို့ချခဲ့သည်။

အလားတူ ဆိုဗီယက်ပြည်ထောင်စု သူရဲကောင်းဘွဲ့နှင့် ရုရှားနိုင်ငံ၏ သူရဲကောင်း ဘွဲ့ချီးမြှင့်ခြင်းခံရသူ အာကာသ ယာဉ်မှူး Mr. Krikalev Sergei Konstantinovich က အာကာသသို့ ပျံသန်းခြင်းဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။