CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (Barca Blaugranes)

မက္ကဆီကိုနဲ့ပွဲမှာ လီဝန်ဒေါစကီး ပင်နယ်တီလွဲခဲ့၊ ပိုလန်အတွက် ပင်နယ်တီဆက်ကန်မယ်

By CNI
CNI
Category: အားကစား
Hits: 671

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

မက္ကဆီကိုနဲ့ပွဲမှာ ပိုလန်အသင်းရဲ့ အသင်းခေါင်းဆောင် လီဝန်ဒေါစကီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုလန်အသင်း အတွက် ပင်နယ်တီ ကန်သွင်းမှုတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ နည်းပြ မီချီနီဝစ်ဇ်က ပြောပါတယ်။

မီချီနီဝစ်ဇ်က “လီဝန်ဒေါစကီး အပါအဝင် မက္ကဆီကိုပွဲနဲ့ ပတ်သက်ပြီး တစ်သင်းလုံးနဲ့ စကားပြောခဲ့ပါတယ်။ ပင်နယ်တီ ကန်သွင်းတာနဲ့ ပတ်သက်ပြီး ဘာမှပြောင်းလဲမှု မရှိပါဘူး။ ရောဘတ်ဟာ ဒါကို စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရဆဲ ဖြစ်ပါတယ်။ အားလုံးက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ဘာမှ ပြောင်းလဲခြင်း မရှိပါဘူး”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

လီဝန်ဒေါစကီးဟာ မက္ကဆီကိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ပိုလန်အသင်းရတဲ့ ပင်နယ်တီ အခွင့်အရေးကို ကန်သွင်းခွင့် ရခဲ့တာပါ။

လီဝန်ဒေါစကီးရဲ့ ပင်နယ်တီကန်သွင်းမှုကို မက္ကဆီကိုအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့စဉ် (Sport)

ဒါပေမယ့် သူ့ရဲ့ ကန်သွင်းမှုကို မက္ကဆီကိုအသင်းရဲ့ ဂိုးသမား အိုချူအာက ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးကပဲ ပိုလန်အတွက် ပင်နယ်တီတွေကို ဆက်ပြီး ကန်သွင်းသွားမှာပါ။

လီဝန်ဒေါစကီးဟာ လက်ရှိအချိန်ထိ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ သွင်းဂိုး မရသေးတာကြောင့် ဒီပြိုင်ပွဲမှာ အရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး အတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးကမ္ဘာ့ဖလား ပြိုင်ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပိုလန်အသင်းအတွက် ၁၃၅ ပွဲ ပါဝင်ကစားထားပြီး ၇၆ ဂိုးသွင်းယူကာ နိုင်ငံရဲ့ ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ပိုလန်အသင်းဟာ နိုဝင်ဘာလ ၂၆ ရက်မှာ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းကို အနိုင်ရခဲ့တဲ့ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီရန်အသင်းကို ရှုံးနိမ့်ပြီးနောက် စိတ်ပျက်နေတဲ့ ဂါရတ်ဘေးလ်ကို တွေ့ရစဉ် (Eurosport)

ဝေးလ်စ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားနိုင်တယ်လို့ ဂါရတ်ဘေးလ်ပြော

By CNI
CNI
Category: အားကစား
Hits: 792

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

အီရန်အသင်းကို အရေးနိမ့်ပြီးနောက် ဝေးလ်စ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားပြီလို့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က ဝန်ခံလိုက်ပါတယ်။

ဂါရတ်ဘေးလ်က “ပြောဖို့ တခြားနည်းလမ်း မရှိပါဘူး။ ကျနော်တို့ နောက်ဆုံးစက္ကန့်ထိ တိုက်ပွဲဝင်ခဲ့ပေမယ့် ခက်ခဲသွားခဲ့ပါတယ်။ ကျနော်တို့ ထပ်ပြီး ကြိုးစားရမှာပါ။ ကျနော်တို့ အားလုံး ကြေကွဲနေကြပါတယ်။ ဒီလို အရှုံးကနေ ချက်ခြင်း ပြန်လာရမှာဖြစ်ပြီး ဒါက ခက်ခဲပေမယ့် အကောင်းမြင်ရမှာပါ။ အနီကတ်က ပွဲကို လုံးဝ ပြောင်းလဲသွားစေခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

ဝေးလ်စ်အသင်းဟာ ဂိုးသမား ဟန်နက်ဆီ တိုက်ရိုက် အနီကတ်နဲ့ မထုတ်ပယ်ခံရချိန်အထိ ဂိုးမရှိ သရေကျနေခဲ့ ပေမယ့် ထုတ်ပယ်ခံရ အပြီးမှာ အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။

အီရန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ ယှဉ်ပြိုင်နေစဉ် (FIFA)

အဲ့ဒါကြောင့် အီရန်အသင်းဟာ နာကျင်အချိန်ပိုမှာ ဝေးလ်စ်အသင်းဘက်ကို ၂ ဂိုးဆက်တိုက် သွင်းပြီး နိုင်ပွဲရယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဝေးလ်စ်အသင်းဟာ ဒီရှုံးပွဲကြောင့် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၁ မှတ်သာ ရရှိထားတာပါ။

အဲ့ဒါကြောင့် နောက်တဆင့်တက်ဖို့ ခက်ခဲသွားပြီး အုပ်စုနောက်ဆုံးပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့မယ် ဆိုရင် တောင် အုပ်စုတွင်း တခြားပြိုင်ဘက်တွေရဲ့ အခြေအနေကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်က “ဒါဟာ ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ တခြားပွဲတွေအပေါ်မှာ မူတည်နေပေမယ့် ဒါကို ကျနော်တို့ မြင်တွေ့ရမှာပါ။ ကျနော်တို့ ကောင်းမွန်အောင် ပြင်ဆင်ပြီး ထပ်သွားရမယ်”လို့ ပြောခဲ့ပါတယ်။

ဝေးလ်စ်အသင်းဟာ ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ရတာ ဖြစ်ပေမယ့် ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
အီရန်အသင်း အောင်ပွဲခံနေစဉ်

ဆော်ဒီ၊ဂျပန်ပြီးတော့ နောက်ထပ်အနိုင်ရတဲ့ အာရှအသင်းဖြစ်လာတဲ့ အီရန်

By CNI
CNI
Category: အားကစား
Hits: 883

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၂ အဖြစ် အီရန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တာမှာ အီရန်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယပိုင်း ပွဲပြီးကာနီးမှာ အီရန်ကစားသမားကို တား‌ဆီးပုံကြမ်းလို့ ဝေးလ်စ်အသင်းဂိုးသမား အနီကတ်ပြသခံရတာက ပွဲကို အလှည့်အပြောင်း ဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၉ မိနစ်ပေးခဲ့တာက အီရန်အတွက် အနိုင်ရဖို့ အခွင့်အရေး ရသွားခဲ့ပြီး နာကျင်အချိန်ပို ၈ မိနစ်မှာ ချက်စ်ဟီမီက အီရန်အတွက် အဖွင့်ဂိုး စသွင်းပေးခဲ့ပါတယ်။

ဝေးလ်စ်အသင်းဟာ ချေပဂိုးရဖို့ ပြန်လည်တိုက်စစ် ဆင်ခဲ့ပါတယ်။

ဝေးလ်အသင်းသားများ စိတ်ပျက်နေစဉ်

ဒါပေမယ့် တန်ပြန်တိုက်စစ်နဲ့ အီရန်အသင်း နောက်ထပ် သွင်းဂိုး ရရှိသွားခဲ့ပါတယ်။

ဒီဂိုးကို နာကျင်အချိန်ပို ၁၁ မိနစ်မှာ ရာမင်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အီရန်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ ဝေးလ်စ်ကို အနိုင်ရခဲ့တာပါ။

အီရန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ်ရရှိခဲ့ပြီး ဝေးလ်စ်ကတော့ ၂ ပွဲကစားအပြီးမှာ ၁ မှတ်သာ ရရှိထားတာဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါဗီက စံချိန်သစ်တင်နိုင်ခဲ့

By CNI
CNI
Category: Watch TV
Hits: 466

Share
Tweet
Share
Share
powered by social2s

ဂျာမနီကို အနိုင်ရပြီးနောက် သမိုင်းဝင်အောင်ပွဲလို့ ဂျပန်နည်းပြ မိုရီယာဆု ပြော

By CNI
CNI
Category: Watch TV
Hits: 468

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်း ပိုင်ရှင်ဖြစ်သူ အေဗရန်ဂလေဇာကိုတွေ့ရစဉ် (Sky News)

ယူနိုက်တက်ကို ရောင်းဖို့ ဆုံးဖြတ်ခဲ့မှုကိုဖြေဖို့ ပိုင်ရှင်ဂလေဇာ ငြင်းဆို

By CNI
CNI
Category: အားကစား
Hits: 620

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အေဗရန်ဂလေဇာဟာ အသင်းကို ရောင်းချဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ တာလဲဆိုပြီး မေးမြန်းတဲ့အပေါ် ဖြေကြားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

အေဗရန်ဂလေဇာက “ဘုတ်အဖွဲ့ဟာ လုပ်ငန်းစဉ် တစ်ခုကို ဖြတ်သန်း လုပ်ဆောင်ခဲ့ပြီး ယူနိုက်တက်အတွက် ခြားနားတဲ့ ဗျူဟာမြောက် ရွေးချယ်မှုတွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ Sky ကို ပြောခဲ့တာပါ။
ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုကို နှစ်ပေါင်းများစွာ ဆန့်ကျင်နေပြီး အသင်းကို ပိုင်ဆိုင်နေတဲ့ အပေါ် ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ဟာ ယူနိုက်တက်ကို ရောင်းချဖို့ စီစဉ်နေတာပါ။

အမေရိကန်မိသားစုဟာ ယူနိုက်တက်ကို ပေါင် ၉ ဘီလီယံနဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။ မကြာသေးခင်က ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ရော်နယ်ဒိုက ဂလေဇာ မိသားစုဟာ ကလပ်ကို ဈေးကွက်ရှာဖွေရေး အသင်း အဖြစ် သတ်မှတ်ထားပြီး ပိုက်ဆံရဖို့ပဲသိပြီးတော့ အသင်းအပေါ်မှာ ဂရုစိုက်တဲ့သူတွေ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်း အားကစားကွင်းကိုတွေ့ရစဉ် (AP)

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အေဗရန်ဂလေဇာက “ ခရစ္စတီယာနိုရော်နယ်ဒို အကြောင်း ပြောရမယ်ဆိုရင် သူဟာ ယူနိုက်တက်ရဲ့ အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ ကလပ်အတွက် သူလုပ်ပေးခဲ့တဲ့ အရာတွေအားလုံးကို အလွန် ကျေးဇူးတင်ပါတယ်။ ရော်နယ်ဒို အနာဂတ်မှာ ကံကောင်းပါစေလို့ ဆန္ဒပြုကြောင်း” ပြောခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင် ဒေးဗစ်ဘက်ခမ်းဟာ အသင်းကို ဝယ်ယူဖို့ အလားအလာရှိတဲ့ သူတွေအားလုံးနဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ တက်နိုင်မှာ မဟုတ်ပေမယ့် ဝယ်ယူမယ့် သူတွေရဲ့ ရင်းနှီးမြုပ်နှံမှု မှာ အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ပါတယ်။ ဗြိတိန်ရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ဦးဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ် ကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးကို ဝယ်ယူဖို့ လုပ်ခဲ့ပေ မယ့် မအောင်မြင်ခဲ့ပါဘူး။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂါဗီကို တွေ့ရစဉ် (Reuters)

ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါဗီက စံချိန်သစ်တင်နိုင်ခဲ့

By CNI
CNI
Category: အားကစား
Hits: 967

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

စပိန်ကြယ်ပွင့်ကစားသမား ဂါဗီဟာ ကော်စတာရီကာအသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်း ယူနိုင်ခဲ့တာကြောင့် ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူ ဖြစ်လာခဲ့ပါတယ်။

ပီလီဟာ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ အဲ့ဒီတုန်းက ပီလီရဲ့ အသက်ဟာ ၁၇ နှစ်သာ ရှိသေးပြီး အဆိုပါ ပြိုင်ပွဲမှာ ၆ ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ဂါဗီဟာ ကော်စတာရီကာနဲ့ ပွဲမှာ ဂိုးသွင်းပြီး အခုလို စံချိန်မှတ်တမ်း ရယူနိုင်ခဲ့သလို ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာပါ။

ဒါ့အပြင် ဂါဗီဟာ စပိန်လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံး ကမ္ဘာ့ဖလား ဂိုးသွင်းတဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

၂၀၀၆ ပြိုင်ပွဲမှာ အသက် ၁၉ နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်က ယူကရိန်းဘက်ကို ဂိုးသွင်းပြီး စံချိန်တင်ထားတာကို ဂါဗီက ချိုးဖျက်ခဲ့တာပါ။ ဂါဗီဟာ အသက် ၁၇ နှစ်ပြည့်ပြီး ၂ လအကြာမှာ စပိန်လက်ရွေးစင်ရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

စပိန်အသင်းသားများကိုတွေ့ရစဉ် (GETTY IMAGES)

ဂါဗီက “ ဒီလို အောင်မြင်မှုတွေအတွက် ကျနော်ပျော်ရွှင်ပါတယ်။ ဒါပေမယ့် ကျနော် တကယ် ဂရုစိုက်တာက အသင်းနိုင်ပွဲရဖို့နဲ့ ကစားပုံ ကောင်းမွန်ဖို့ပါ။ ကျနော်တို့ ဆက်သွားကြရမှာပါ။ ပီလီရဲ့ နောက် ဒုတိယနေရာမှာ ရှိနေရတာက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ။ ဒါက ကျနော့်ကို တကယ်ပျော်ရွှင်စေတဲ့ အရာပါ”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကော်စတာရီကာကို အနိုင်ရတဲ့ပွဲမှာ စပိန်အတွက် ဂိုးတွေကို ဂါဗီအပြင် အိုလ်မို၊ မိုရာတာ၊ အဆန်စီယို၊ ဆိုလာတို့ က ၁ ဂိုးစီသွင်းပြီး ဖာရန်တောရက်စ်က ၂ ဂိုး သွင်းယူခဲ့တာပါ။

စပိန်အသင်းဟာ အခုနှစ် ပြိုင်ပွဲမှာ ဝါရင့်ကစားသမားတွေနဲ့ လူငယ် ကစားသမား အများအပြားကို ပေါင်းစပ်ထား ပြီး အသင်းကို စုဖွဲ့ထားတာ ဖြစ်ပါတယ်။

စပိန်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် အဖွင့်ပွဲမှာ ဂျပန်ကို အရေးနိမ့်ခဲ့တဲ့ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဂျင်တီးနားကို အနိုင်ရလို့ ဗုဒ္ဓဟူးနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် ဆော်ဒီ ကြေညာ

By CNI
CNI
Category: Watch TV
Hits: 440

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းပြီး ယူနိုက်တက် ထွက်ခွာခွင့်ပေး

By CNI
CNI
Category: Watch TV
Hits: 448

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသနေမှုကိုတွေ့ရစဉ်

ရုပ်သံလွှင့်ခွင့် မဝယ်ယူဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲ မြောက်ကိုရီးယား ပြသ

By CNI
CNI
Category: အားကစား
Hits: 911

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြသဖို့အတွက် ရုပ်သံလွှင့်ခွင့် မဝယ်ယူထားပေမယ့် မြောက်ကိုရီးယား နိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို တနင်္ဂနွေနေ့က စတင်ခဲ့တာဖြစ်ပြီး အီကွေဒေါအသင်းက အိမ်ရှင်ကာတာ အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ မြောက်ကိုရီးယားက Korea Central TV(KCTV)ဟာ ပြိုင်ပွဲအတွက် ရုပ်သံ ထုတ်လွှင့်ခွင့် မဝယ်ယူထားဘဲ ပြသနေတယ်လို့ ဖီကာဖန်တာဆိုတဲ့ တွစ်တာအကောင့်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်က အီရန်ကို ၆ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ အပါအဝင် တခြားပွဲတွေရဲ့ ပုံရိပ်တွေကလဲ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။

KCTV ကို ပြုံယမ်းကနေ ထုတ်လွှင့်နေတာဖြစ်ပြီး ဝါဒါဖြန့်ချိရေး အစီအစဉ်တွေနဲ့ လွှမ်းမိုးနေပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး အာဏာရှင် နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ကင်မိသားစုရဲ့ မျိုးဆက် ၃ ဆက်ဟာ နိုင်ငံကို ထိန်းချုပ်ထားတာပါ။ မြောက်ကိုရီးယားရဲ့ လက်ရှိခေါင်းဆောင် ကင်ဂျူံအန်းဟာ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ် ဖြစ်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ KCTV က ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသနေစဉ်

မြောက်ကိုရီးယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၆၆ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ၁၉၆၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တာပါ။

ဖီဖာအကြီးအကဲ အင်ဖန်တီနိုက မြောက်ကိုရီးယားကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ လမ်းဖွင့်ပေးထားတယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။ ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ဝေဖန်မှုတွေ မြှင့်တက် နေချိန်မှာ အင်ဖန်တီနိုရဲ့ အခုလို ပြောတာက ပိုပြီး ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။

အင်ဖန်တီနိုဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး တောင်ကိုရီးယားနဲ့အတူ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ အဆင်သင့် ဖြစ်ပြီလားလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အမျိုးသားဘောလုံးအသင်းဟာ လက်ရှိ ကမ္ဘာ့အဆင့် ၁၁၂ နေရာမှာ ရပ်တည်နေပြီး အမျိုးသမီး အသင်းကတော့ ကမ္ဘာ့အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s

မိမိ အိပ်မက်အတွက် ဒီကမ္ဘာ့ဖလားက နောက်ဆုံးအခွင့်အရေးလို့ မက်ဆီပြော

By CNI
CNI
Category: Watch TV
Hits: 420

Share
Tweet
Share
Share
powered by social2s

ကစားသမားတွေကို သတ်ဖို့ ကြိုးပမ်းနေတဲ့ အီရန်ပရိသတ်ကို ကားလို့စ်ကွီရော့စ် ဝေဖန်

By CNI
CNI
Category: Watch TV
Hits: 440

Share
Tweet
Share
Share
powered by social2s
မက်ဆီ သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ် (Reuters)

မိမိ အိပ်မက်အတွက် ဒီကမ္ဘာ့ဖလားက နောက်ဆုံးအခွင့်အရေးလို့ မက်ဆီပြော

By CNI
CNI
Category: အားကစား
Hits: 969

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက သူ့ရဲ့ ကြီးမားတဲ့ အိပ်မက်ကို အကောင်အထည် ဖော်ဖို့အတွက် ဒီကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံး အခွင့်အရေး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “ ဒါက ကျနော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်သလို၊ ကျနော့်မှာ ရှိနေတဲ့ ဒီအိပ်မက်ကြီးကို အကောင် အထည်ဖော်ဖို့အတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလည်း အလွန်ကောင်းမွန် နေပြီး အကောင်းဆုံး အခိုက်အတန့်မှာ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ဘာပြဿနာမှ ရှိမနေ ပါဘူး”လို့ ပြောခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲလို့ ပြောထားတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ မက်ဆီ လေ့ကျင့်ခန်းလုပ်နေစဉ် (AFA)

ဘောလွန်းဒီအောဆုကို ၇ ကြိမ် ရရှိထားတဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကြိမ်မှ ရယူနိုင်ခြင်း မရှိသေး တာပါ။ အာဂျင်တီးနားအသင်း ခေါင်းဆောင်ဟာ ၂၀၁၄ က ကမ္ဘာ့ဖလားရဖို့ နီးစပ်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဂျာမနီကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက “ ကျနော့်ကြောင့် အာဂျင်တီးနား မဟုတ်တဲ့ လူတွေအများအပြားက အာဂျင်တီးနားကို ချန်ပီယံ ဖြစ်စေ ချင်ကြတာက လှပတဲ့အရာပါ။ ကျနော့်ရဲ့ ကစားသမားဘဝ တစ်လျှောက် ကမ္ဘာတစ်ဝှမ်းဆီကနေ ရရှိခဲ့တဲ့ ချစ်ခြင်း မေတ္တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အခြားကမ္ဘာ့ဖလားတွေထက် ပိုပြီးကောင်းမလားဆိုတာ မသိပါဘူး။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ပျော်ရွှင်စွာနဲ့ လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

အာဂျင်တီးနား အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် ရှိနေတာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂ ကြိမ် ရရှိထားပြီး နောက်ဆုံး ရရှိခဲ့တာက ၁၉၈၆ က ဖြစ်တာကြောင့် အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ တစ်သင်းလုံးက စိတ်အားထက်သန် နေ တာပါ။

အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ဆော်ဒီ၊ မက္ကဆီကို၊ ပိုလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါ တယ်။

Source: BBC

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဝိန်းရွန်နီရဲ့ အင်္ဂလန်ဂိုးသွင်းစံချိန်ကို အမြန်ဆုံးချိုးဖျက်ချင်တယ်လို့ ဟာရီကိန်းပြော

By CNI
CNI
Category: Watch TV
Hits: 423

Share
Tweet
Share
Share
powered by social2s

ကာတာနဲ့ အီကွေဒေါ ပွဲစဉ်အချိန်အတွင်း ထိုင်ခုံထောင်ပေါင်းများစွာလွတ်ခဲ့

By CNI
CNI
Category: Watch TV
Hits: 483

Share
Tweet
Share
Share
powered by social2s

ကတ်စပါရုဒ်ကို အနိုင်ရပြီး ဖက်ဒဲရားစံချိန်နဲ့ တူညီသွားတဲ့ ဂျိူကိုဗစ်

By CNI
CNI
Category: အားကစား
Hits: 585

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

ဂျိူကိုဗစ်ဟာ ATP Finals ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ပွဲမှာ ကတ်စပါရုဒ်ကို အနိုင်ရပြီး ချန်ပီယံဆုကို ၆ ကြိမ်မြောက်ရယူကာ ဖက်ဒဲရားရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

ဂျိူကိုဗစ်ဟာ ဗိုလ်လုပွဲမှာ ကတ်စပါရုဒ်ကို ၇-၅၊ ၆-၃ နဲ့ အနိုင်ရရှိခဲ့ကာ ရာသီပိတ်နောက်ဆုံးပွဲကို ချန်ပီယံဆု ရယူကာ အဆုံးသတ်နိုင်ခဲ့တာပါ။ဂျိူကိုဗစ်ဟာ ATP Finals ချန်ပီယံဆုကို ၂၀၁၅ က နောက်ဆုံး ရယူခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ရယူနိုင်ခဲ့တာကြောင့် ဖက်ဒဲရားနဲ့အတူ ဒီပြိုင်ပွဲမှာ အကြိမ်အရေအတွက် အများဆုံးချန်ပီယံဆုကို ရယူနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။

ဒီချန်ပီယံဆုကို ၇ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ်ပြန်လည်ရယူနိုင်ခဲ့တာက သူ့အတွက် ပိုပြီးချိုမြိန်တယ်လို့ ဆားဘီးယားတင်းနစ်သမားက ပြောခဲ့တာပါ။ဂျိူကိုဗစ်က “ဒါဟာ အနက်ရှိုင်းဆုံးကျေနပ်စရာတစ်ခုလို့ ခံစားရပြီး တစ်ချိန်တည်းမှာ ဒီနှစ်ကြုံတွေ့ရတဲ့ အခြေအနေတွေကြောင့် ကြီးမားတဲ့သက်သာရာရမှုဖြစ်ခဲ့ပါတယ်။ဒီနှစ် အစောပိုင်းမှာ ကြုံတွေ့ရတဲ့ သြစတြေးလျအခြေအနေတွေလည်းပါဝင်ပါတယ်။အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ဆုဖလားရဖို့ စိတ်ထဲမှာ ဆာလောင်မှုတွေက ကြီးမားနေတယ်ဆိုတာ သိသာပါတယ်” လို့ ပြောခဲ့ပါ တယ်။

ဂျိူကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးမထိုးတာကြောင့် အခုနှစ်ရာသီပြိုင်ပွဲအများအပြားကို ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် ပြက္ခဒိန်တစ်နှစ်တာအတွင်း ဆုဖလား ၅ ခု ရယူနိုင်ခဲ့တာပါ။ဒီဆုဖလားတွေကတော့ ATP Finals အပါအဝင် အီတလီအိုးပန်း၊ ဝင်ဘယ်လ်ဒန်ချန်ပီယံ၊ တယ်လ်အဗစ်အိုးပန်းနဲ့ အက်စ်တာနာအိုးပန်းတို့ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျိူကိုဗစ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့်ရပ်တည်မှု ၅ နေရာမှာ ရှိနေတာ ဖြစ်ပါ တယ်။ပြီးခဲ့တဲ့နှစ်က သြစတြေးလျကနေ ပြည်နှင်ဒဏ်ခံခဲ့ရတဲ့ ဂျိူကိုဗစ်ဟာ လာမယ့်နှစ်မှာတော့ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့အတွက် ဝင်ခွင့်ရခဲ့ပြီလို့လည်း သိရပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30

Page 26 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar