CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၂ အဖြစ် အီရန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တာမှာ အီရန်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယပိုင်း ပွဲပြီးကာနီးမှာ အီရန်ကစားသမားကို တား‌ဆီးပုံကြမ်းလို့ ဝေးလ်စ်အသင်းဂိုးသမား အနီကတ်ပြသခံရတာက ပွဲကို အလှည့်အပြောင်း ဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၉ မိနစ်ပေးခဲ့တာက အီရန်အတွက် အနိုင်ရဖို့ အခွင့်အရေး ရသွားခဲ့ပြီး နာကျင်အချိန်ပို ၈ မိနစ်မှာ ချက်စ်ဟီမီက အီရန်အတွက် အဖွင့်ဂိုး စသွင်းပေးခဲ့ပါတယ်။

ဝေးလ်စ်အသင်းဟာ ချေပဂိုးရဖို့ ပြန်လည်တိုက်စစ် ဆင်ခဲ့ပါတယ်။

ဝေးလ်အသင်းသားများ စိတ်ပျက်နေစဉ်

ဒါပေမယ့် တန်ပြန်တိုက်စစ်နဲ့ အီရန်အသင်း နောက်ထပ် သွင်းဂိုး ရရှိသွားခဲ့ပါတယ်။

ဒီဂိုးကို နာကျင်အချိန်ပို ၁၁ မိနစ်မှာ ရာမင်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အီရန်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ ဝေးလ်စ်ကို အနိုင်ရခဲ့တာပါ။

အီရန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ်ရရှိခဲ့ပြီး ဝေးလ်စ်ကတော့ ၂ ပွဲကစားအပြီးမှာ ၁ မှတ်သာ ရရှိထားတာဖြစ်ပါတယ်။