CNI International News

မော်စကို၊ မတ်လ ၁၂

အရှေ့အလယ်ပိုင်း၊ ဆီးရီးယားနိုင်ငံမှ စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမား ၁၆,၀၀၀ ခန့်သည် ယူကရိန်းစစ်မျက်နှာရှိ ရုရှားတပ်ဖွဲ့များနှင့် အခမဲ့လာရောက် ပူးပေါင်းပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်က စတင်ခဲ့သော ယူကရိန်းစစ်ပွဲတွင် ဆီးရီးယားနိုင်ငံမှ တိုက်ခိုက်ရေးသမားများ စုဆောင်း ခြင်းနှင့်ပတ်သက်၍ သတင်းအမှားများ ထွက်ပေါ်ခဲ့ရာ နှစ်ဘက်စလုံးက ငြင်းဆိုခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ကိယက်ဗ် မြို့တော်သို့ ရုရှားစစ်အင်အား တိုးမြှင့်နေခြင်းကို ကမ္ဘာက စောင့်ကြည့်လျက်ရှိနေသည်။

ယူကရိန်း တပ်သားများ၊ လက်နက်ကိုင် အရပ်သားများနှင့် ပြည်ပမှ လာရောက်သည့် တိုက်ခိုက်ရေး သမားအချို့သည် ယူကရိန်းပြည်တွင်း ရုရှားကျောထောက်နောက်ခံဖြင့် အလျင်အမြန် သိမ်းပိုက်နိုင်မည့် အလားအလာကို ရပ်တန့်သွားစေရန် အတွက် တော်လှန်ရေး အင်အားတစ်ရပ်ကို ပေါင်းစပ်ဖွဲ့စည်းခဲ့ကြသည်။

ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်နက်ဆက်နှင့် လူဟန်စ်ဆက် နယ်မြေများ လွတ်မြောက်ရေး ကြိုးပမ်းမှု၌ ရုရှားဘက်မှ ထောက်ခံ မည်ဟု အများသိအောင် ကတိပေးသည့် နိုင်ငံအနည်းစုထဲတွင် ဆီးရီးယားအစိုးရလည်း အပါအဝင် ဖြစ်သည်။ ရုရှားက ယူကရိန်းကို မကျူးကျော်မီ ၃ ရက်အလိုတွင် ဆီးရီးယားက အဆိုပါကတိကို ပေးခဲ့သည်။

ဆီးရီးယားက တိုက်ခိုက်ရေးသမားများ(GETTY IMAGES)

ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသည့် အစ်လစ်ဗ် (Idlib) နယ်မြေမှ ထောင်နှင့်ချီသော စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေး သမားများကို ယူကရိန်းစစ်မျက်နှာ၌ ရုရှားဘက်မှ ကူညီတိုက်ခိုက်ရန် ခေါ်ယူထားကြောင်း ပူတင်၏ အခိုင်အမာ ပြောကြား ချက် ယခုလတ်တလော ထွက်ပေါ်လာခဲ့သည်။
“အာရပ်နှင့်နိုင်ငံရပ်ခြားမှ တိုက်ခိုက်သူ ၄၅၀ ခန့်သည် တူရကီနိုင်ငံကို ဖြတ်သန်းလျက် ယူကရိန်းသို့ ဦးတည် သွားနေ ကြောင်း” ရုရှားအစိုးရပိုင် စပွတ်နစ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရုရှားတို့သည် ဆီးရီးယားရှိ ကြေးစားစစ်သားများကို နည်းဗျူဟာ အပြောင်းအရွှေ့လုပ်၍ ရှာဖွေစု ဆောင်းကာ ပြည်ပမှ တိုက်ခိုက်ရေးအင်အား ဖြည့်ဆည်းခဲ့ကြောင်း အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရ ဆန့်ကျင်ရေးသမားများ ဦးစီးသည့် Deir Ezzor 24 မီဒီယာက “ရုရှားတွေဟာ ဆီးရီးယား လုံခြုံရေး ဝန်ဆောင်မှု ကန်ထရိုက်တာတွေကို ယူကရိန်းစစ်မှာ ရုရှားဘက်က ဝင်တိုက်ပေးဖို့ ရည်ရွယ်ချက်နဲ့ လစ်ဗျားကနေ ပြန်ခေါ်ခဲ့တယ်”ဟု ထုတ်လွှင့်ခဲ့သည်။

Source: vice.com