CNI International News

ကိယက်ဗ်၊ မတ်လ ၃

ပြီးခဲ့သည့် သီတင်းပတ် ရုရှားကျူးကျော်စစ် စတင်ခံစားခဲ့ရပြီး ယူကရိန်းပြည်တွင်း၌‌ သောင်တင်ပိတ်မိနေသော လိင်လုပ်သား များအတွက် ကမ္ဘာအရပ်ရပ်မှ ဘဝတူလိင်လုပ်သားများက ၎င်းတို့ကျင်လည် ကျက်စားရာ လူမှုကွန်ရက် ပလက်ဖောင်းများ ပေါ်မှနေ၍ ထောက်ခံလျက် ဝန်းရံဖေးမ ပေးခဲ့ကြကြောင်း vice.com သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

လိင်ဝန်ဆောင်မှု အွန်လိုင်းပလက်ဖောင်းများသည် ယူကရိန်း လူသားချင်း စာနာမှု ထောက်ပံ့ရေး ရန်ပုံငွေများထဲသို့ သန်းနှင့် ချီ၍ ထည့်ဝင်ကူညီကြပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ဆောင်ပေးကြရန် သန္နိဋ္ဌာန်ချထား ကြောင်း အဆိုပါ သတင်းဝက်ဘ်ဆိုက်က ဆက်လက်ရေးသားထားသည်။

အလားတူ တွစ်တာလူမှုကွန်ရက်တွင် ရန်ပုံငွေရှာဖွေရေး အားထုတ်မှုများကို လိင်လုပ်သားများ ပြုလုပ်ခဲ့ကြသည်။

ယခုအခါ ယူကရိန်းမြေပေါ်ရှိ လိင်လုပ်သားများသည် ၎င်းတို့နေအိမ်များ အကာအကွယ်ရရှိရန် အကူအညီလိုလားနေ ကြ သည်။ ထိုသို့ လိုလားနေသူများထဲတွင် ယူကရိန်းနိုင်ငံ၊ အရှေ့တောင်ပိုင်း၌ မိသားစုနှင့်အတူ မကြာသေးမီက ဂျာမနီနိုင်ငံမှ အိမ်ပြန်လာခဲ့သူ အသက် ၂၆ နှစ်အရွယ်ရှိ ယူကရိန်းသူ လိင်လုပ်သား ကာရာဇာယန် (Kara Xaen)လည်း အပါအဝင် ဖြစ် သည်။

ယူကရိန်း ပြည်သူ့လက်နက်ကိုင်များကိုတွေ့ရစဉ်(GETTY IMAGES)

အဘွားဖြစ်သူ ဆိုးရွားစွာ နာမကျန်းဖြစ်နေကြောင်း၊ ဖခင်ကလည်း နေရပ်စွန့်ခွာ၍ မဖြစ်နိုင်ကြောင်း ၎င်းက VICE သတင်း ဝက်ဘ်ဆိုက်သို့ ရင်ဖွင့်ခဲ့သည်။

“ကျမတို့ ဒီမှာပဲ အတူတူနေလိုက်ကြဖို့ ဆုံးဖြတ်လိုက်ပါပြီ” ဟု ကာရာဇာယန်က ပြောသည်။

လိင်ဝန်ဆောင်မှု လုပ်ငန်းများမှ ပံ့ပိုးကူညီမှုများမှာ လွန်စွာ များပြားလှသော်လည်း ၎င်းကဲ့သို့ ယူကရိန်းတွင် ရှိနေဆဲ လိင်လုပ် သားများ (သို့မဟုတ်) ၎င်းတို့ကို ထောက်ပံ့နေသော အခြေခံ လူတန်းစား အဖွဲ့အစည်းများထံ တိုက်ရိုက် လှူဒါန်းလိုသူများကို အားပေးတိုက်တွန်းပါကြောင်း ၎င်းက ဆက်ပြောသည်။

“ကျမတို့မြို့က ကျူးကျော် မခံရသေးဘူးရှင့်။ ဒီမှာက အင်တိုက်အားတိုက်နဲ့ အသင့်ပြင်ဆင်နေကြတာ ရှိပါတယ်။ ကျမတို့ ပတ်ဝန်းကျင်က လူတွေကို ဆေးဝါး၊ ထောက်ပံ့ရေးပစ္စည်း၊ ဘက်ထရီတွေ အားလုံးရနိုင်အောင် စီစဉ်ပေးနေကြပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ငွေလှူလိုလျှင် မြေပြင်ပေါ် ပကတိရှိနေသူများထံ တိုက်ရိုက်လှူဒါန်ပေးခြင်းက ပိုထိရောက်ကြောင်း၊ မိမိတို့ မြို့အသီးသီးကို ကာကွယ်ရန် ပြည်သူ့စစ်များထံ တိုက်ရိုက်ရောက်နိုင်ကြောင်း ကာရာဇာယန်က ဖြည့်စွက်ပြောသည်။

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းပျက်စီးမှုကိုတွေ့ရစဉ်(AP)

တစ်ခါတစ်ရံ နိုင်ငံဖြတ်ကျော် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၌ အဓိကကျသည့် နည်းပညာ သုံးရလေ့ရှိသဖြင့် ဩစတြေးလျ နှင့် နယူးဇီလန်ကဲ့သို့ နိုင်ငံများမှ ငွေလွှဲလိုသူများအတွက် လျင်မြန်စွာ ငွေပေးချေမှု၊ ငွေပေးပို့မှု ပြုလုပ်နိုင်ကြသည်။

ယခင် သီတင်းပတ် အကုန်ပိုင်းက လိင်ဝန်ဆောင်မှု ချိတ်ဆက်ရေး လုပ်ကိုင်နေသည့် Paxum ကုမ္ပဏီသည် ၎င်း၏ ပလက် ဖောင်း သုံးစွဲသူအားလုံးကို အီးမေးလ် တစ်စောင်ပေးပို့ပြီး "ယူကရိန်းနှင့်အတူ ရပ်တည်ကြ" ဟု ကြွေးကြော်သံဖြင့် လှုံ့ဆော် ရင်း ကြော်ငြာ ဖိဖိစီးစီး လုပ်ခဲ့သည်။

Paxum ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ အော့တက်မော်စီ (Octav Moise) က မိမိကုမ္ပဏီသည် လက်ရှိတွင် ယူကရိန်းနိုင်ငံ အနှံ့အပြားရှိ လိင်လုပ်သားများနှင့် ထိတွေ့နေပြီး ရွှေ့ပြောင်းရန် လိုအပ်သော သယ်ယူပို့ဆောင်ရေး ကဏ္ဍကြောင့် ငွေကြေး ဆိုင်ရာ နည်းလမ်းများ သို့မဟုတ် လက်လှမ်းမီမှုများ ခက်ခဲနေသေးကြောင်း VICE သို့ ပြောကြားခဲ့သည်။

မော်စီ၏ အစီအစဉ်မှာ ယူကရိန်းနှင့် ရိုမေးနီးယားနယ်စပ်တွင် လိင်လုပ်သားများ သယ်ယူပို့ဆောင်ရေးနှင့် ချိတ်ဆက် လည်ပတ်ရန်ဖြစ်ပြီး ၎င်းတို့ကို စစ်ဘေးရှောင်လာသူများအဖြစ် အခမဲ့ ခိုလှုံနေထိုင်ခွင့် ပေးမည်ဖြစ်သည်။

Source: vice.com