CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၃

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းကို ဝင်ရောက်မှုအပေါ် မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့တို့တွင် မတ်လ ၂ ရက်နေ့ က ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ရုရှားနိုင်ငံသား ဒါဇင်နှင့်ချီသော စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ယူကရိန်းကို ရုရှား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုများတွင် ပါဝင်သူ စုစုပေါင်း လူ ၇,၀၀၀ ကျော် ဖမ်းဆီး ခံထားရသည်ဟု လွတ်လပ်သောစောင့်ကြည့်ရေးအဖွဲ့ OVD-Info က ပြောကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြ ထားသည်။

Source: AFP