CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)ထောင့် မြန်မာပလာဇာ မြေညီ ထပ်ရှိ Harry’s Bar  ဝင်/ထွက်ပေါက်အနီး ဖောက်ခွဲမှု ပြုလုပ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ တစ်ဦး သေဆုံးသွား ကြောင်း နစက-က ယနေ့(ဧပြီ ၁၄ ရက်)တွင် ထုတ်ပြန်သွားခဲ့သည်။

ဧပြီ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင် မသင်္ကာဖွယ် လူ ၃ ဦးကို စစ်ဆေးမေးမြန်းရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့သည် အသင့်ယူဆောင်လာသော သေနတ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ပစ်ခတ်ထွက်ပြေး၍ လုံခြုံရေးတပ်ဖွဲပဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း နစက-က ဆိုသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၁ ရက်က Harry's Bar ဗုံးခွဲခံရ

ထို့နောက် ခန့်ကြည်သာ၊ ဟိန်းထက်နိုင်၊ တင့်ထူးနိုင်(ခ)ဂူးဂူးတို့ ၃ ဦးအား Sig Sauer အမျိုးအစား ပစ္စတို ၂ လက်၊ ကျည် အိမ် ၂ ခု၊ ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံးတို့နှင့်အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိထားသော တင့်ထူးနိုင်(ခ) ဂူးဂူးအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

Harry's Bar ဗုံးခွဲသူ သုံးဦီးအနက် သေဆုံးသွားခဲ့သူ တင့်ထူးနိုင်

၎င်းတို့သည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်က အလုံမြို့နယ် သခင်မြပန်းခြံအနီး၌ YBS ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ မတ်လ ၂၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ KBZ ဘဏ်ခွဲ(၃)မှ ATM စက် ၁ လုံးအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ ဧပြီ ၁၁ ရက်တွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက် ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့် မြန်မာပလာ ဇာ မြေညီထပ်ရှိ Harry’s Bar အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် စစ်ဆေးမှု ဆက်လက်ပြုလုပ်ရာမှာတော့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ လျှပ်စစ်ရုံးတို့အား ဖောက်ခွဲရန် စီစဉ်ထား ကြောင်း ထွက်ဆိုခဲ့သည်ဟုလည်း နစက-က ပြောသည်။