CNI International News

မင့်ခ်၊ဖေဖော်ဝါရီ ၂၆

ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံအစိုးရများအကြား ဆွေးနွေးပွဲအထမြောက်ဖို့ အလုံးစုံပံ့ပိုးပေးရန် အသင့်ရှိကြောင်း ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ရုရှားသမ္မတ ပူတင်ကို ကတိပြုခဲ့သည်ဟု ကရင်မလင် ပြောခွင့် ရသူ ဒီမီထရီပက်ကော့က ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဗလာဒီမာပူတင်နဲ့ လူကာရှန်ကိုတို့ တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။ အဲဒီမှာ ကိုယ်စားလှယ်အဖွဲ့တွေ လာကြဖို့၊ သူတို့သွားရေးလာရေး လုံခြုံရေးအာမခံဖို့နဲ့ စေ့စပ်ညှိနှိုင်းရေးအတွက် လိုအပ်တဲ့အခြေအနေအားလုံး ဖန်တီးပေးဖို့ အဆင်သင့်ဖြစ်ရစေမယ်လို့ လူကာရှန်ကိုက ကတိပြုခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး၏ ကြေညာချက်ကို ပူတင်က တုံ့ပြန်သည့်အနေဖြင့် ကာကွယ်ရေးနှင့်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကိုယ်စားအဆင့်နှင့် သမ္မတရုံးအုပ်ချုပ်ရေးအဖွဲ့အဆင့်တို့ကို ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနိုင်ဖို့ ဘီလာရုစ်နိုင်ငံ၊ မင့်ခ်မြို့သို့ စေလွှတ်ပေးရန်အသင့်ရှိကြောင်း ဒီမီထရီပက်ကော့က အစောပိုင်းတွင် ပြောကြားခဲ့ပြီးဖြစ်သည်။

Source: Tass.com