CNI International News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ပြင်သစ်သမ္မတ Emmanuel Macron က ယူကရိန်းကို တိုက်ခိုက်မည့် စစ်ဆင်ရေးများကို ရုရှားအနေဖြင့် ချက်ချင်းရပ်ရန် တောင်းဆိုခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန်က “ယူကရိန်းကို စစ်တိုက်မယ့် ရုရှားရဲ့ ဆုံးဖြတ်ချက်ကို ပြင်သစ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါ တယ်။ ရုရှားအနေနဲ့ ၎င်းတို့ရဲ့စစ်ရေးဆိုင်ရာ စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ရမည်”ဟု ကြာသပတေး နေ့တွင် တွစ်တာ၌ ပြောကြားခဲ့သည်။
ထို့နောက် ပြင်သစ်သည် ယူကရိန်းနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်နေပါကြောင်း၊ ၎င်းသည် ယူကရိန်းနိုင်ငံသားများနှင့်အတူ ရပ်တည်နေကြောင်း၊ စစ်ပွဲကို အဆုံးသတ်ရန်အတွက် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၊ မဟာမိတ်များနှင့်အတူ လုပ်ဆောင်လျက်ရှိကြောင်း မက်ခရွန်က ပြောသည်။
ပြင်သစ်သမ္မတသည် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ယူကရိန်းသမ္မတ Vlodymyr Zelensky(ဇာလန်စကီး)နှင့် စကားပြောခဲ့ပြီး Zelensky(ဇာလန်စကီး)က ယူကရိန်းကို ထောက်ခံရန် တောင်းဆိုခဲ့သည်ဟု Elysee နန်းတော်က ထုတ်ပြန်ခဲ့သည်။
Source: CNN
 
	    	  	
	    	       
	    
	  	   
	 
		 
			 
                        
