CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ မစ္စတာ ရှောင်တာနယ်ကို မြန်မာနိုင်ငံရှိ တရားရုံး တစ်ခုက ယနေ့ (စက်တင်ဘာ ၂၉ ရက်)တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်လိုက်သည့်အပေါ် ကန့်ကွက်ကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန် တောင်းဆိုခဲ့သည်။

၎င်းသံရုံးက “မစ္စတာရှောင်တာနယ်အား မြန်မာနိုင်ငံတရားရုံးမှ စီရင်ချက် ချမှတ်လိုက်သည့်အပေါ် သြစတြေး လျ အစိုးရအနေဖြင့် ကန့်ကွက်ပါသည်။ သူ့အား အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုပါသည်”ဟု ပြော သည်။

ထို့နောက် ရှောင်တာနယ်ကို သီးသန့်တရားခွင်တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း၊ အပြီးသတ် စီရင်ချက် ချမှတ်မည့် တရားခွင့်သို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးယာယီတာဝန်ခံနှင့်အတူ ကောင်စစ်ရေးရာဝန်ထမ်းများ မှ တက်ရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရပါကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှောင်တာနယ်ကိုတွေ့ရစဉ်

မစ္စတာ ရှောင်တာနယ်ကို ၁၉ လကျော်ကြာ ဖမ်းဆီးထားပြီးနောက် ယနေ့ (စက်တင်ဘာ ၂၉ ရက်)တွင် NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးဟောင်းများဖြစ်သည့် ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက် အောင် တို့နှင့်အတူ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။


သြစတြေးသံရုံးက “ရှောင်တာနယ်အတွက် မိမိတို့သည် ရရှိမည့် အခွင့်အရေးတိုင်းကို ဆက်လက် အသုံးချပြီး သူ့မိသားစုရှိရာ သြစတြေးလျနိုင်ငံသို့ ပြန်နိုင်သည့် အချိန်အထိ အင်တိုက်အားတိုက် တိုက်တွန်းလုပ်ဆောင် သွားပါမည်။ မိမိတို့ အနေနှင့်လည်း ဒေသတွင်း အပါအဝင် နိုင်ငံတကာမှ သူ့အပေါ် အားပေးထောက်ခံသူများ ကို အသိအမှတ်ပြုပါသည်”ဟု ပြောသည်။

မစ္စတာ ရှောင်တာနယ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့စဉ် ရှောင်တာနယ်လည်း ဖမ်းခံခဲ့ရသည်။