CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၈
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေ သည့် ပြည်သူများအတွက် ဩစတြေးလျနိုင်ငံက ထောက်ပံ့ရေးပစ္စည်းများ ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။
ဩစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံကို ဒေါ်လာ ၉ သန်း ထောက်ပံ့မည်ဟု ကြေညာထားသည်။ ဧပြီ ၈ ရက်က ရောက်ရှိခဲ့သော ကူညီကယ်ဆယ်ရေးပစ္စည်းများသည် ဩစတြေးလျနိုင်ငံက ပေးအပ်မည့် ဒေါ်လာ ၉ သန်း ထောက်ပံ့မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာသော လူသားချင်း စာနာထောက်ထားမှု အကူအညီများတွင် အမိုးအကာများ၊ မီးဖို ချောင်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်သည့် ထောက်ပံ့ရေးပစ္စည်း အထုပ် ၁၀၀ ကျော် ဖြစ်သည်။
ထို့နောက် ဩစတြေးလျနိုင်ငံသည် နိုင်ငံတကာ ကြက်ခြေနီကော်မတီ၊ အာဆီယံ၊ ဩစတြေးလျ NGO များဖြင့် ပူးပေါင်း၍ ငလျင်ဘေးသင့် ပြည်သူများကို ပံ့ပိုးပေးသွားမည်ဟု သံရုံးက ထုတ်ပြန်ခဲ့သည်။