CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇
 
ယနေ့ကျရောက်သည့် အမျိုးသားနေ့ကို ဂုဏ်ပြုသော အားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွါးရေး အကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ် အပါအဝင် လူဦးရေ ၆၀၀၀ နီးပါးကို နစက-က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
 
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရိုက်ကူးသူ Mr.Toru Kubota ၊အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့လည်း ပါဝင်ကြောင်း နစက-က ထုတ်ပြန် ကြေညာခဲ့သည်။
 
 
ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုမန်း
 
အလားတူ အနုပညာရှင် ၁၁ ဦးကိုလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် အရေးယူထားသော အမှုများကို ပိတ်သိမ်းပေးခဲ့သည်။