CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇
 
ယနေ့ ကျရောက်သည့် အမျိုးသားနေ့အား ဂုဏ်ပြုသောအားဖြင့် နစက လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေး ပါဝင်ကြောင်း CNI သတင်းဌာနသို့ အတည်ပြုပြောသည်။
 
ဦးမြအေးနှင့် နိုင်ငံရေးအတူတူ လုပ်ဖော်ကိုင်ဖက်တစ်ဦးက "ဟုတ်တယ်၊ ကျနော်လည်း အဲလိုကြားတယ်၊ အခုက သူလည်း လွတ်စဆိုတော့ မိသားစုနဲ့တွေ့ ဘာညာဆိုတော့ အလုပ်ရှုပ်နေမှာလေ။ အဲဒါကြောင့် ကျနော်လည်း မဆက် သေးတာ။ လွတ်တယ်လို့တော့ ကြားတယ်"ဟု CNI သတင်းဌာနသို့ ပြောသည်။
 
နစကကလည်း ဦးမြအေး ပါဝင်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။
 
နစကသည် လူဦးရေ ၅၇၇၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
 
ထိုအထဲတွင် အနုပညာရှင် ၁၁ ဦးကိုလည်း အမှုများ ပိတ်သိမ်းပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရိုက်ကူးသူ Mr. Toru Kubota၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့လည်း ပါဝင်ကြသည်။