CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇


PDF နှင့် အခြား လက်နက်ကိုင်အမည်ခံ အဖွဲ့အစည်းများတွင် ပါဝင်နေသော ရှမ်းနီလူငယ်များအနေဖြင့် အချင်းချင်း တိုက်ခိုက်နေမှုများ ရပ်တန့်ရန် မိမိတို့အနေဖြင့် တိုက်တွန်းပါကြောင်း ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။


လက်ရှိတွင် ရှမ်းနီဒေသများဖြစ်သော ဟုမ္မလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်တို့တွင် SNA နှင့် ရှမ်းနီ လူငယ်များ ပါဝင်နေသော PDF-KIA ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။


ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြိုနယ်၊ ခန္တီးမြို့နယ်၊ ပင်လယ်ဘူး-ဖောင်း ပြင် ဒေသ အပြင် အိန္ဒိယနယ်စပ်တစ်လျှောက်နှင့် ကချင်ပြည်နယ်တို့တွင် လှုပ်ရှား နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။


ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။