CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင် ၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးအား ပြစ်ဒဏ်လွတ် ငြိမ်းခွင့် ပြုလိုက်သည်ဟု ထုတ်ပြန်သွားသည်။

အဆိုပါ လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံခြားသား ၁၂၅ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် ၂၂ ဦး၊ လက်နက် ကိုင်များနှင့်ဆက်စပ်သူ ၇၂ ဦးတို့ ပါဝင်သည်။