CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ဟွေခမ်းတောင်၏ မြောက်ဘက်တောင်ကြော တစ်လျောက်မှာ ယနေ့ (စက်တင်ဘာ ၂၀ ရက်)တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း SSPP/SSA က ထုတ်ပြန်ခဲ့သည်။

တပ်မတော်သည် အင်အား ၇၀ ခန့်ဖြင့် ဝမ်အုံကျေးရွာအုပ်စု၊ ဝမ်အုံရွာ၏မြောက်ဘက် အရပ်တည်ရှိရာ ရွာနှင့် ၁ မိုင်ခွဲခန့်ကွာဝေးသည့် ဟွေခမ်းတောင်ကနေ SSPP/SSA တပ်ဖွဲ့လှုပ်ရှားသော နေရာသို့ ထိုးစစ်ဆင်လာသည့် အတွက် စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ကနေ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထွန်စွာ ဖြစ်ပွားခဲ့သည်ဟု SSPP က ပြောသည်။

မိုးမိတ်မြို့နယ်အဝင်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ကလည်း မိုးမိတ်မြို့နယ်ထဲမှာ တပ်မတော်၏ ခမရ ၃၄၈၊ ခလရ ၂၇၆ တို့ ပူးပေါင်းစစ်ကြောင်း အင်အား ၆၀ ခန့်နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်က ၃ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်ပြီး နစကဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။